www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

မိုးရာသီစခန်းချလက်တွေ့ လေ့ကျင့်ရေးသင်တန်း တက်ရောက်နေသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ ဆုံအားပေး


နေပြည်တော် အောက်တိုဘာ ၁၁ 
-
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁ဝ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက် ဖွယ်ရာများပေးအပ်သည်။ 
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူများ သင်တန်းကာလအတွင်း အဆင်ပြေစွာနေထိုင်လေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိ မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger