www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

ကသာမြို့ ၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ကသာ အောက်တိုဘာ ၁၁ 
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်း ဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ် ပွဲကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကသာမြို့ မြစေတီ ဘုရားရှေ့၌ ကျင်းပသည်။
-
ဆန္ဒ ဖော်ထုတ်ပွဲတွင် ကသာမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး သိန်းအောင် (ငြိမ်း)က ''ယနေ့ ပြုလုပ်တဲ့ ပွဲကတော့ ကသာမြို့နယ် အတွင်း နေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးက ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း ရည်ရွယ်ချက် (၄) ရပ်ထဲက နံပါတ် (၂) ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းတွေမှာ တပ်မတော် အရန်အင်အား အဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့ ရည်ရွယ်ချက် အတိုင်း လုပ်ဆောင်တာ ဖြစ်ပါတယ်။ 
-
လတ်တလောမှာ နိုင်ငံတကာနဲ့ ပြည်ပ မီဒီယာတွေက မြန်မာ့ တပ်မတော် အပေါ် အထင်အမြင် လွဲမှားပြီး ဖိအားပေး လုပ်ဆောင် နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆို နေတာတွေ အပေါ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ကြီး တစ်ဖွဲ့လုံး ဆန့်ကျင်ပါတယ် ဆိုတာကို နိုင်ငံတကာက သိအောင် ထုတ်ဖော် ဆန္ဒပြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင် ခြင်းကလည်း မြန်မာ တပ်မတော် အပေါ်ဖိအားပေး လုပ်ဆောင်နေတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ကြီးတစ်ဖွဲ့လုံးက မြန်မာ့ တပ်မတော်အပေါ် ထားရှိတဲ့ ရပ်တည်ချက်ကို သိရှိနားလည် နိုင်မယ်လို့ ထင်ပါတယ်''ဟု ပြောကြားသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ် ပွဲတွင် ကသာမြို့နယ် အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးတို့က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဓာတ်ပုံ နှစ်ပုံတို့အား ကိုင်ဆောင်၍ မြန်မာ တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အား ချိုးနှိမ်မှု မှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကို ချစ်သော ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHRျ၏ အောက်လုံး အစီရင်ခံစာ အလို မရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့သည်။ 
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အတွင်း ယခုအကြိမ် အပါအဝင် ၆၅ ကြိမ် စုစုပေါင်း အင်အား ၅၉၃၅၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံ တစ်ဝန်းတွင် တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  
-
သန္တာကျော်
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger