www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 16, 2018

ရေဦးမြို့၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ရေဦးမြို့၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ရေဦး  အောက်တိုဘာ ၁၅
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို   ယနေ့နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့   ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင်  ရေဦးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးရဲနိုင်(ငြိမ်း)က ''ယနေ့ပြုလုပ်တဲ့ပွဲကတော့ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၅ဝ ဦးက  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း ရည်ရွယ်ချက်(၄)ရပ်ထဲက နံပါတ်(၂)ရည်ရွယ်ချက်ဖြစ်တဲ့   နိုင်ငံတော်လုံခြုံရေးနဲ့  ကာကွယ်ရေး လုပ်ငန်းတွေမှာ တပ်မတော်အရန်အင်အားအဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း    လုပ်ဆောင်တာဖြစ်ပါတယ်။
-
လတ်တလောမှာ နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက မြန်မာ့တပ်မတော်အပေါ် အထင်အမြင်လွဲမှားပြီး   ဖိအားပေး လုပ်ဆောင်နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာတွေအပေါ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံး ဆန့်ကျင်ပါတယ်ဆိုတာကို  နိုင်ငံတကာကသိအောင် ထုတ်ဖော်ဆန္ဒပြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်ခြင်းကလည်း  မြန်မာ့တပ်မတော်အပေါ် ဖိအားပေးလုပ်ဆောင်နေတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံးက မြန်မာ့တပ်မတော်အပေါ် ထားရှိတဲ့ ရပ်တည်ချက်ကို သိရှိနားလည်နိုင်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၅ဝ ဦး တို့က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဓာတ်ပုံ နှစ်ပုံတို့ကို ကိုင်ဆောင်၍ မြန်မာတပ်မတော်ကို  အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော  Facebook  ကို  လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော   ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR၏ အောက်လုံးအစီရင်ခံစာ အလိုမရှိဟူသော   ဆိုင်းဘုတ်များကိုင်ဆောင်၍  တစ်နာရီခန့်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ  ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ် အပါအဝင် ၈၁ ကြိမ်   စုစုပေါင်း အင်အား  ၆၄၆၃၅ဝ ဦးဖြင့်  ကျင်းပခဲ့ပြီး  နိုင်ငံတစ်ဝန်း   တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger