www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

ဇီဒန်းက ဖုန်းဆက်ပြီး မိမိမန်ယူ နည်းပြနေရာ လုခြင်း မဟုတ်ဟု ရှင်းပြခြင်းကြောင့် မော်ရင်ဟို မန်ယူမှထွက်ခွာ ရမည့်အနေအထား ရှိလာ



မန်ချက်စတာ အောက်တိုဘာ ၁
-
ရီးယဲလ် နည်းပြဟောင်း ဇီဒန်းသည် မော်ရင်ဟိုထံသို့ ဖုန်းဆက်ပြီး မိမိသည် မော်ရင်ဟို၏ မန်ယူနည်းပြနေရာ ရရှိရန် နောက်ကျောမှ ဓားဖြင့်ထိုးပြီး  ယူလိုခြင်းမရှိကြောင်း  ရှင်းပြသဖြင့် မော်ရင်ဟိုက ဇီဒန်း မိမိနေရာ ဆက်ခံရန် အသင်းအကြီးအကဲများက ကြိုတင်စီစဉ်ထားသည်ကို သိရပြီး  မန်ယူတွင် အနာဂတ်မရှိနိုင်တော့ သည် မှာ သေချာပြီဟု လက်ခံသိရှိထားကြောင်း ဗြိတိန်  The Sun သတင်းစာမှ ဖော်ပြခဲ့သည်။
-
ဇီဒန်းနှင့်မော်ရင်ဟိုတို့သည် ရင်းနှီးပြီးသားဖြစ်ကာ မန်ယူအသင်းသည် မော်ရင်ဟိုနေရာတွင် ဇီဒန်းကို ဆက်ခံ စေရန် ဆွေးနွေးထားပြီ ဖြစ်ကြောင်းနှင့် ဇီဒန်းကိုယ်တိုင်ကလည်း မန်ယူနည်းပြနေရာကို စိတ်ဝင်စားကြောင်း ဝန်ခံ ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့သည်မှာ တစ်လနီးပါးကြာခဲ့ပြီဖြစ်သည်။ သို့သော် ဇီဒန်းက မော်ရင်ဟိုထံ ဖုန်းဆက်ပြီး ထိုသတင်းများထွက်ပေါ်ခြင်းသည် မိမိဘက်မှ ရာထူးနေရာကို နောက်ကွယ်မှ ရယူရန်ကြိုးစားခြင်း မဟုတ်ဘဲ မိမိအေးဂျင့်ဖြစ်သူက မန်ယူနည်းပြရာထူး စိတ်ဝင်စားသလားဟု  မေးခြင်း ကို စိတ်ဝင်စားသည်ဟုသာ ပြောခဲ့ခြင်းမှ ယခုလို သတင်းများ ထွက်ခဲ့သည် ဟု ရှင်းပြသည်။
-
ဇီဒန်း၏အေးဂျင့်သည် မန်ယူအသင်းအကြီးအကဲများနှင့်  ဆွေးနွေးမှုများ ပြုလုပ်နေပြီး မော်ရင်ဟိုသည် အောက်တို ဘာ ၂ ရက်ည ဗလင်စီယာနှင့် ချန်ပီယံလိဂ်ပွဲ၊ နောက်တစ်ပတ်တွင် နယူးကာဆယ်နှင့် နှစ်ပွဲ၌ အသင်းကို  အလှည့် အပြောင်း လုပ်နိုင်ခြင်းမရှိပါက  ရာထူးမှထုတ်ခံရပြီး ဇီဒန်းအစား ဝင်လာရန်  အသင့်ဖြစ်နေလောက်သည့်  အနေ အထား မျိုးဖြစ်နေသည်။
-
လက်ရှိတွင် မန်ယူအသင်းသည် မန်စီးတီးထက်  ကိုးမှတ်နည်းပြီး  ၁၉၈၉ ခုနှစ်က ရာသီအစ ခုနစ်ပွဲ ကစားပြီး နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
-
မန်ယူ ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းသည် ဖာဂူဆန်ခေတ် လွန်တွင် ပျက်စီးယိုယွင်းခြင်းများရှိရာ မိုယက်စ်ကို ၂ဝ၁၄ ခုနှစ်တွင် ထုတ် ပယ်ခဲ့ရာမှ ပျက်စီးမှုစတင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။ ထိုသို့ဝေဖန်ရာတွင် မန်ယူ အသင်း ကျရှုံးမှုများတွင် မန်နေဂျာများ၏ အမှားအယွင်းကြောင့်မဟုတ်ဘဲ မန်နေဂျာများအထက်မှ အသင်းအကြီး အကဲများ၏  မှားယွင်းမှုများကြောင့် သာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ ဂယ်ရီနဗီးလ်က '' မိုယက်စ်ကို ထုတ်လိုက် ကတည်းက ပြဿနာတွေစခဲ့တယ်။ အရင်တည်ဆောက်ခဲ့တဲ့ အသင်းရဲ့ အကောင်းဆုံးဝိသေသတွေအားလုံး ပျောက်ဆုံးသွားတယ်။ မန်နေဂျာတွေကြောင့် မဟုတ်ဘဲ အထက်လူတွေကြောင့်ပါ'' ဟု ဆိုသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger