www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 2, 2018

ရန်ကုန်မြို့ ရှိ စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ တိုးချဲ့ လုပ်ဆောင်ရန်စီစဉ်နေ



ရန်ကုန် အောက်တိုဘာ ၁ 
-
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ မြေဧက ၅ဝ ပေါ်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော စိန်မေရီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို တိုးချဲ့ရန်ရှိကြောင်း စိန်မေရီကျောင်း၌ မှို 
စိုက်ပျိုးရေးအတွက် နည်းပညာပေးနေသူ ဆရာမဒေါ်ပြုံးစန္ဒာထံမှ သိရသည်။ စိန်မေရီအော်ဂဲနစ်စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံတွင် နွား၊ ဆိတ်၊ ကြက်များမွေးမြူထားသည့်အပြင် သကြားသီး၊ ကျွဲကောသီးမှစ၍ 
သစ်သီးဝလံနှင့် ပန်းမန်မျိုးစုံကို ဓာတုကင်းလွတ်သီးနှံများအဖြစ် ၁၉၇၃ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
''အောင်ဆန်းအားကစားကွင်းအနီးမှာရှိတဲ့ စိန်မေရီကျောင်းမှာရောင်းတယ်။ အပြင် ဈေးကွက်ထဲကိုတော့ သိပ်မရောက်သေးဘူး။ အဓိကက တစ်ပတ်ကို တစ်ရက်ရောင်းတယ်။ ကျောင်းမှာရှိတဲ့ ကလေးတွေစားဖို့အတွက် 
အပြင်ကမဝယ်ရတော့ဘူး။ နည်းနည်းတိုးချဲ့ စိုက်ပျိုးဖို့ လုပ်ဆောင်နေပါတယ်''ဟု ဒေါ်ပြုံးစန္ဒာက ပြောသည်။
-
ထို့ပြင် ပိုလျှံသည်များကို ရောင်းချခြင်းမှာ တစ်နှစ်ခန့်သာရှိသေးပြီး စနေနေ့တစ်ရက်တည်းသာ ဖွင့်လှစ်သည့် အော်ဂဲနစ်ဈေး၌ ရောင်းချနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
-
''ဒီမှာစိုက်ပျိုးတဲ့ သီးနှံတွေအားလုံးက အော်ဂဲနစ်တွေပါ။ နွားချေးဆိုလည်း ကိုယ်တိုင် မွေးထားတဲ့နွားခြံထဲက နွားချေး၊ ကြက်ချေးဆိုလည်း ကိုယ်တိုင်မွေးထားတဲ့ကြက်ခြံထဲက ကြက်ချေးတွေနဲ့ပဲ မြေသြဇာလုပ်ပြီး အပင်
တွေကိုကျွေးတာပါ။ ထူးခြားချက်က အမျိုးသမီးတွေပဲ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေတာပါ''ဟု ဒေါ်ပြုံးစန္ဒာကပြောသည်။
-
လတ်တလောတွင် စိန်မေရီမိဘမဲ့ကျောင်းမှ စစ္စတာအပါး ၅ဝ ကျော်နှင့် ကျောင်းသူ ၁၂၅ ဦးတို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အော်ဂဲနစ်သီးနှံများသည် ဓာတ်မြေသြဇာ 
သုံးသီးနှံများထက် ၃ဝ ရာခိုင်နှုန်းခန့် ဈေးနှုန်း ပိုမိုများပြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger