www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

ဆူးဘားနှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် ယခင်ပွဲစဉ်များထက် ပိုမိုခက်ခဲမည်ဟု ဖိုးသော် သုံးသပ်


ရန်ကုန်  အောက်တိုဘာ  ၉ 
ဒဏ်ရာကြောင့်အနားယူနေရသော MMA ကစားသမား ဖိုးသော် သည် ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် အောက်တိုဘာ ၂၆ ရက်တွင် မလေးရှား MMA ကစားသမား ကနူးဆူးဘားနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပိုမိုခက်ခဲမည့် ပွဲစဉ် ဖြစ်လာနိုင်ကြောင်း ဖိုးသော်က ပြောသည်။
-
''ဆူးဘားက ကျွန်တော့်ထက် အတွေ့အကြုံ ပိုရှိတယ်။ အသက်ငယ်တယ်။ ကစားသမား ကောင်းတွေကို နိုင်ထားတယ်။ ဒါကြောင့် ဒီပွဲက အရင်ပွဲတွေထက် ပိုခက်ခဲမယ်။ ဒါပေမဲ့ အနိုင်ရဖို့အတွက် အကောင်းဆုံး
ကြိုးစားသွားမှာပါ'' ဟု ဖိုးသော်ကပြောသည်။
-
ONE Championship  သည်မူလက ဖိုးသော်နှင့် ယှဉ်ပြိုင်ရန် အမေရိကန် ကစားသမား တစ်ဦးနှင့် စီစဉ်ထားသော်လည်း ယင်းကစားသမားမှာ ဒဏ်ရာရရှိသောကြောင့် မလေးရှား MMA ကစားသမား ကနူးဆူးဘား
နှင့်ယှဉ်ပြိုင်ရန် ပြောင်းလဲ စီစဉ်ပေးခြင်း ဖြစ်သည်။ ဖိုးသော်သည် MMA ပြိုင်ပွဲ တစ်လျှောက် ပြည်တွင်း ကစားသမားများနှင့် ငါးပွဲ၊ ပြည်ပကစားသမားနှင့် တစ်ပွဲယှဉ်ပြိုင်ထားပြီး ခြောက်ပွဲစလုံး အနိုင်ရရှိထားသည်။ 
ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်က နောက်ဆုံး ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ကမ္ဘောဒီးယား နိုင်ငံသား ဆိုဆေးကို ဖိုးသော် က ပထမအချီအတွင်း ခြေကန်ချက်ဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲကို အောက်တိုဘာ 
၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger