www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်


နေပြည်တော် အောက်တိုဘာ ၉
-
နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ပျဉ်းမနား မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ  ဒေသစာရီကြွချီ အပူဇော်ခံ ပွဲတော်ကို   နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့၌ အောက်တိုဘာ ၂၁ ရက်မှ ၂၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း  သိရသည်။
-
ထိုသို့ ကျင်းပရာတွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို   ပျဉ်းမနားမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ဝတ်ဖြူတော်အသင်းများ၊   လူမှုရေး အသင်းအဖွဲ့များနှင့် ဘာသာရေး အသင်းများက  အောက်တိုဘာ ၂၅ ရက် ညနေ ၅ နာရီမှစ၍ ဘုရားယာဉ်များဖြင့် ပင့်ဆောင်ကာ မြို့တွင်းသို့ ဒေသစာရီ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များ ပါဝင်သော ဖျော်ဖြေရေး ယာဉ်များက အောက်တိုဘာ ၂၃ ရက်မှ  ၂၅ ရက်အထိ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေပေးသွားမည်ဖြစ်သည်။
-
ထို့ပြင် နှစ်(၁ဝဝ)ပြည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲတော် အထိမ်းအမှတ်အဖြစ် စိုးလျှပ်စစ် ဖောင်ဒေးရှင်းက  အဓိက ကူညီပံ့ပိုးသည့်ရာပြည့်အထိမ်းအမှတ်  မီးထွန်းပွဲတော်ကို ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အတွင်းရှိ မင်္ဂလာရှမ်းကန်တွင် ရာပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင်ပြခန်းများ၊  အမှတ်တရပြခန်းများ၊ ရာပြည့်အထိမ်းအမှတ် လမ်းလျှောက်မီးထွန်း ပွဲတော်နှင့်အတူ စတုဒိသာကျွေးမွေး ဧည့်ခံခြင်းများဖြင့် အောက်တိုဘာ ၂၁ ရက်မှ  ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
-
ရာပြည့်အထိမ်းအမှတ် ပြိုင်ပွဲဝင် ပြခန်းများတွင် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက ကျင်းပသည့်   ရာပြည့်အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ဆောင်းပါး၊ စာစီစာကုံး၊ Logo ပြိုင်ပွဲများမှ  ပြိုင်ပွဲဝင်လက်ရာများနှင့် ဆုရပြိုင်ပွဲဝင် လက်ရာများ၊ အမှတ်တရပြခန်းများတွင် ဗုဒ္ဓဝင်အကျဉ်းပြခန်းများ၊ ပျဉ်းမနားမြို့၏ ထင်ရှားကျော်ကြားခဲ့သည့်  ပုဂ္ဂိုလ်များနှင့် စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံပြခန်းများ၊ ပျဉ်းမနားမြို့မှ မြန်မာမှု လက်ရာပန်းပုပြခန်း၊ ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ ညအချိန်တွင် မီးအလှများ၊  မြန်မာ့ရိုးရာ မီးပုံးများနှင့်   ရုပ်သေးရုပ်များ ချိတ်ဆွဲအလှဆင်ခြင်းတို့ကို မင်္ဂလာရှမ်းကန်ပတ်လမ်း တစ်လျှောက်တွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။   
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger