www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 12, 2018

ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စင်းအား ဖမ်းဆီးရမိ

ကျိုက်မရောမြို့နယ်၊ အတ္ထရံမြစ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေတစ်စင်းအား ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၁
-
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တရားမဝင်သစ်များ သယ်ဆောင်လျက်ရှိကြောင်း သတင်းအရ အောက်တိုဘာ ၁ဝ ရက် ည ၆ နာရီခန့်တွင် ကျိုက်မရောမြို့နယ်၊ နိဒုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ မြတောင်အနီး၊ အတ္ထရံမြစ် အနောက်ဘက်ကမ်း၌ အလျားပေ ၁၁ဝ၊ အနံပေ ၃ဝ၊ ရေစူး ၆ ပေခန့်၊ ခြောက်လုံးထိုး အင်ဂျင်နှစ်လုံး တပ်ဆင်ထားသည့် အောင်မျိုးဝင်း အမည်ရှိ တရားမဝင် ပိတောက်နှင့် အခြားသစ်ရောရာ ၅ဝ တန်ခန့် တင်ဆောင်ထားသော သစ်မှောင်ခိုလှေ တစ်စင်းအား ပဲ့နင်း ဦးအောင်ဇော်ဦး(ဘ) ဦးစိုးအေး အပါအဝင် အမျိုးသား ၁၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။



အဆိုပါတရားမဝင် သစ်များ၊ စက်လှေနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှု ဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့နယ် ရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger