www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 11, 2018

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ကရာတီတို့ယှဉ်ပြိုင်ထိုးသတ်မည်



ရန်ကုန် ၁၁-၉-၂ဝ၁၈

MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် လက်ဘနွန်နိုင်ငံသား ကရာတီတို့ ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ONE Championship အဖွဲ့အစည်းက အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ကရာတီတို့ ယှဉ်ပြိုင်ထိုးသတ်မည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၂၆ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁)၌ ကျင်းပသွားမည် ဖြစ်သည်။

အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ကရာတီသည် အသက် ၂၇ နှစ်ဖြစ်ပြီး ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိကာ ၎င်း၏ MMA ကစားသမားဘဝ သက်တမ်းတစ်လျှောက် ကိုးပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ကိုးပွဲစလုံးအနိုင်ရရှိထားသူဖြစ်သည်။ ၎င်းသည် MMA ကစားသမားဘဝကို ၂ဝ၁၂ခုနှစ်က စတင်ခဲ့ပြီး နောက်ဆုံးကစား ခဲ့သည့်ပွဲစဉ်အဖြစ် ဧပြီလက ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပြင်သစ်နိုင်ငံသား ဆာလာဒီခီဆီ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီ အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

အစောပိုင်းက One Champoinship အဖွဲ့အစည်းက အောင်လအန်ဆန်၏ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲကို စက်တင်ဘာ ၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း နေရာအခက်အခဲကြောင့် အောက်တိုဘာ ၂၆ ရက်သို့ ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၉ရက်က MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ အဖြစ်ဂျပန်နိုင်ငံသား ကမ်ဟက်ဆီဂါဝါနှင့် ထိုးသတ်ခဲ့ရာတွင် ငါးချီအလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကိုကာကွယ် နိုင်ခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger