www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 3, 2018

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)နှင့်ဒေသခံပြည်သူများ တွေ့ဆုံ


တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ဒေသခံပြည်သူများ အားတွေ့ဆုံစဉ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၃-၉-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပုလောမြို့ နယ်၊ ဇာဒီဝင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို အဆိုပါကျေးရွာ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည်။ ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် တက် ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးကြရာ ဒေသခံပြည်သူများက သိရှိ လိုသည်များ ပြန်လည်မေးမြန်းမှုအပေါ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ဒေသခံပြည်သူများအတွက် စား သောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့ပြင် တက်ရောက်လာကြသည့် ဒေသခံ ပြည်သူ ၃၁၇ ဦးကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အရိုးရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger