www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 3, 2018

တန်ဖိုးနည်းအိမ်ရာများကို Down Payment ပေးချေ၍ မဝယ်နိုင်သူများအတွက် အိမ်ပိုင်ရရှိစေရန် ဆောင်ရွက်ပေးမည်



ရန်ကုန် ၃-၉-၂ဝ၁၈

တန်ဖိုးနည်းအိမ်ရာများကို ကနဦးပေးသွင်းငွေ (Down Payment) ပေးချေ၍ မဝယ်ယူနိုင်သူ များအတွက် လစဉ်အိမ်ငှားခပေးပြီး နေထိုင်သကဲ့သို့ ငွေပေးချေပြီး အိမ်ပိုင်ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန် ၂၉ ခု၊ သီလဝါအထူးစီးပွားရေး ဇုန်တစ်ခု ရှိနေသည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေသည်။ စီးပွားရေး မြို့တော်ကြီးတစ်ခု ဖြစ်နေသဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် မြို့နယ်ဒေသ အသီးသီးမှ အလုပ်လုပ်ကိုင် လိုသူများမှာ Migrant Worker ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင် ဆောင်ရွက် နေကြကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်မှုများ ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့၏ အိမ်ရာလိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ သို့သော် အဆိုပါ အိမ်ရာစီမံကိန်းများသည် ရန်ကုန်တွင် အခြေချပြီး အိမ်ငှားနေထိုင်သူ လက်လုပ် လက်စားလုပ်ကိုင်နေသူများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရ ဝန်ထမ်းများအတွက် လက်လှမ်းမမီ ဖြစ်နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် အခြေချနေထိုင် နေသော်လည်း အိုးပိုင်အိမ်ပိုင်မရှိသည့် အိမ်ငှားနေ ထိုင်သူလက်လုပ် လက်စားလုပ်ကိုင် နေသူများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ၊ တန်ဖိုးနည်း အိမ်ရာများကို ကနဦးပေးသွင်းငွေ (Down Payment) ပေးချေပြီး မဝယ်ယူနိုင်သူများအတွက် လစဉ် အိမ်ငှားခပေးပြီး နေထိုင်သကဲ့သို့ ငွေပေးချေပြီး အိမ်ပိုင်ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်နေပြီး လာမည့် နှစ်များအတွင်း လုပ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာကုလ သမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး မြေနေရာရရှိသည်နှင့် တည်ဆောက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger