www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 3, 2018

မိန်းပလပ်ခုံ အပူလွန်ကဲရာမှ လူနေအိမ် ငါးလုံး မီးလောင်မှု ဖြစ်ပွား



မန္တလေး ၃-၉-၂ဝ၁၈

မန္တလေး ချမ်းမြသာစည် မြို့နယ် မြို့သစ် (၄ )(ဃ-၇) ရပ်ကွက်သစ် တော်ဇုန်တောင်ဘက် ၆၂လမ်း-၆၄လမ်းနှင့် ကံကော်လမ်း×သံလမ်းကြား ထပ်တရာလမ်းသွယ်တွင် ယနေ့ညနေ ၃နာရီ ၅၂မိနစ်က အိမ်အမှတ်(၁၈/က) ပိုင်ရှင်ဦးခင်မောင်သိန်း (ဘ) ဦးမောင်မောင်၏ (၂ဝ× ၁၅)ပေ သွပ်မိုးထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပေါ်ထပ်တွင် သွယ်တန်းထားသော မိန်းပလပ်ခုံမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂ဝ×၁၅) ပေ သွပ်မိုးထရံကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်နှစ်လုံး၊ (၂ဝ×၁၅)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ပေ(၂ဝ×၃ဝ) သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံးနှင့် ပေ၃ဝ×ပေ၄ဝ သွပ်မိုး၊ အုတ်ခင်း၊ မြေစိုက် တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်း လူနေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၃ဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် အစီး ၂ဝ၊ရေသယ်ယာဉ် ၁ဝစီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ အကူယာဉ် နှစ်စီး၊ သန္ဓေမီးသတ်ဦးရေ ၅ဝ၊ အရန်မီးသတ်ဦးရေ ၁၅ဝတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံးနှင့် အိမ်ထောင်စု ငါးစုမှ အမျိုးသား၂၃ဦး၊ အမျိုးသမီး ၂၁ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဓမ္မရက္ခိတ ဓမ္မာရုံအတွင်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ပိုင်ရှင် ဦးခင်မောင်သိန်း (ဘ) ဦးမောင်မောင်ကို ချမ်းမြသာ စည်မြို့နယ် အမှတ်(၁၁)ရဲစခန်းက ပ-၃၆၁/၂ဝ၁၈၊ ပုဒ်မ -၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger