www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 6, 2018

တပ်မတော်ဆေးရုံများသို့ တရုတ်နိုင်ငံ Yunnan Medical Instrument Trade Association က အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း


အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးထံ Yunnan Medical Instrument Trade Association ဥက္ကဋ္ဌ မစ္စတာဝမ်ကော့လျံ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး၊ Yunnan Medical Instrument Trade Association ဥက္ကဋ္ဌ မစ္စတာဝမ်ကော့လျံနှင့် အဖွဲ့ဝင်များစုပေါင်း ဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၆-၈-၂ဝ၁၈

ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တရုတ်နိုင်ငံ Yunnan Medical Instrument Trade Association က အမေရိကန်ဒေါ်လာ ၁၁၃၃ဝဝ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မူဆယ်မြို့ရှိ ရွှေလီရတနာရိပ်သာ ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးနှင့် တပ်မတော်အရာရှိကြီးများ၊ Yunnan Medical Instrument Trade
Association ဥက္ကဋ္ဌမစ္စတာ ဝမ်ကော့လျံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ Yunnan Medical Instrument Trade Association ဥက္ကဋ္ဌက ဆေးရုံသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၁၁၃၃ဝဝတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ
တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက Yunnan Medical Instrument Trade Association က လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger