www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 20, 2018

မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



ဦးစွမ်သားအား သိမ်းဆည်းရမိ ဘိန်းဖြူ ၃၄၆ဝ ဂရမ်၊ စိတ်ကြွဆေးပြားများ၊ ဆက်စပ်ပစ္စည်းများနှင့် အတူတွေ့ရစဉ်။

ရွှေထူးအား သိမ်းဆည်းရမိ စိတ်ကြွဆေးပြားများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရစဉ်။

သိမ်းဆည်းရမိမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဉ်။

သိမ်းဆည်းရမိ ဘိန်းဖြူ ၁၂၁ဝ ဂရမ်နှင့်စိတ်ကြွ ဆေးပြားများကို တွေ့ရစဉ်။

နေပြည်တော် ၂၀-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက်မှ ၁၉ ရက်အထိ ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ မဘိမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာ၏ မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ တဲဟောင်း၌ နမ့်ဆန်မြို့နယ်၊ အထက် ပဒေါင်းကျေးရွာနေ ဦးစွမ်သား(ဘ)ဦးချွမ်းသားအား ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၄၆၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၄၀၀၀ ပြားနှင့် 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၆၀၀၀နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သတင်းများအရ သြဂုတ် ၁၅ ရက်တွင် မဘိမ်းမြို့၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ လူနေတဲ ၂ လုံးအနီးမှ ငွေကျပ်သိန်း ၁၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဂရမ် ၁၀၀ ၊ 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၀ ပြားနှင့် ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာရှိ လူနေတဲ ၂ လုံးအတွင်းမှ ငွေကျပ် ၁၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ ဂရမ်ခန့်နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၃၄ ပြားအားလည်းကောင်း၊ သြဂုတ် ၁၇ နေ့လယ် ၁၁ နာရီခွဲခန့်တွင် မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာနေ ဦးအိုက်ထွန်း(ဘ) ဦးစံဦး၏ နေအိမ်အား သတင်းအရစစ်ဆေးစဉ် ၎င်း၏ နေအိမ်မှ ငွေကျပ် ၆၄၀၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၂၁ ပြားအားလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ထပ်မံရရှိ သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေရာ သြဂုတ် ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ၏ အရှေ့တောင် ဘက် ၉ မိုင်ခန့် အကွာရှိ ခြုံအတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် ငွေကျပ်သိန်းပေါင်း ၁၈၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂၀၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၈၀၀၀၀၀ နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၄၀၀၀ တို့အား လည်းကောင်း၊ သြဂုတ် နံနက် ၇ နာရီခန့်နှင့် မွန်းလွဲ ၂ နာရီခန့်တို့တွင် အဆိုပါ စီပိန်း ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ အနီးတစ်ဝိုက်၌ ငွေကျပ် သိန်းပေါင်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂၁၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား အပြား ၃၀၅၀၀၀နှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀၀၀ တို့အား လည်းကောင်း၊ ထို့ပြင် သြဂုတ် ၁၈ ရက်ညနေ ၄ နာရီခွဲခန့်တွင် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်ရှိ တဲအတွင်းမှ နမ္မတူမြို့၊ အမှတ်(၈) ရပ်ကွက်နေ ရွှေထူး(ဘ) ဦးစံလင်းအား ငွေကျပ် ၁၇၀၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၈ ပြားနှင့်လည်းကောင်း ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိ ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆၉၇၃ ဂရမ်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၉၄၀၉ ပြားနှင့် 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၇၄ ပြားတို့အား မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ရှိ ရဲစခန်းများတွင် စနစ်တကျအပ်နှံထားရှိပြီး တရားဥပဒေအရ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger