ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က ရွှေတိဂုံစေတီတော်တွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်ပုံတော်အား ပြန်လည်ပေးအပ်စဉ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်စဉ်။
နေပြည်တော် ၂၀-၈-၂ဝ၁၈
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သောမြန်မာ-ထိုင်း 6th High Level Committee Meeting သို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်း တွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သြဂုတ် ၁၇ ရက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်နှင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်တို့သို့ သွားရောက်လေ့လာခဲ့ကြပြီး မဟာအံ့ထူးကံသာ ဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
အလားတူ သြဂုတ် ၁၈ ရက်နှင့် ယနေ့တို့တွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်များသို့ သွားရောက် ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment