www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

အင်းဝဘဏ်လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲဖွင့်လှစ်



နေပြည်တော် ၃၁-၈-၂ဝ၁၈

အင်းဝဘဏ် လီမိတက်၏ ၅၃ ခုမြောက်ဘဏ်ခွဲဖြစ်သော စက်ဆန်းဘဏ်ခွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အင်းဝဘဏ် လီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အင်းဝဘဏ်လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ ဘဏ်ခွဲကမ္ပည်း မော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တက်ရောက်လာကြသူများ နှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

အင်းဝဘဏ်လီမိတက် စက်ဆန်းဘဏ်ခွဲတွင် အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ချေးငွေများထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ(Payment Order)များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guaratee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit Card များထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ အဆင်ပြေ လွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေ အပေါ်အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်းအခြား အလိုက်မူတည်၍ ၁ဝရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းမတည် လုပ်ကိုင်လိုသူများ အတွက်လည်း ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်းသတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger