www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 14, 2018

ဝန်းသိုနှင့် ကောလင်းမြို့နယ်အတွင်း ဝက်နားရွက်ပြာရောဂါကြောင့် ကောင်ရေ ၂ဝဝဝ ကျော်သေဆုံး



မုံရွာ ၁၄-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နှင့် ကောလင်းမြို့နယ်အတွင်း ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားမှုကြောင့် ဝက်အကောင် ၂ဝဝဝ ကျော် သေဆုံးခဲ့ရာ ဝက်မွေးမြူသူများ အနေဖြင့် ငွေကျပ် သန်း၃၇ဝကျော် ထိခိုက်နစ်နာ ခဲ့ကြကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

"ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားတဲ့အတွက် ဝန်းသိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်း ၁၃၅ရွာရှိဝက် ၂၂၃၁၄ကောင်မှ ဝက် ၆၁၅ ကောင် သေဆုံးခဲ့ပြီး ဝက်မွေးသူတွေ အနေနဲ့ ငွေကျပ် ၉၂သန်းကျော် ထိခိုက်နစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ကောလင်းမြို့နယ် ရပ်ကွက်ကျေးရွာများမှ ဝက်နားရွက်ပြာရောဂါဟု သတ်မှတ်၍မရ သောကာလက ဝက် ၃၈၇ ကောင်အပါအဝင် ဝက် ၁၄ဝဝ ကျော်သေဆုံးခဲ့ရာ ငွေကျပ် ၂၇၈သန်းကျော် ထိခိုက်ခဲ့ပါတယ်"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောပြသည်။

ဝက်နားရွက်ပြာ ရောဂါပျံ့နှံ့ပြီး ဆုံးရှုံးနစ်နာရသော ဝက်မွေးမြူ သူများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပေးသွားမည် ဖြစ်ကာဆေးကုသ ဆောင်ရွက် ပေးခဲ့သည့်အတွက် ယခုအခါတွင် ပြန်လည် နာလန်ထူတဲ့ အခြေအနေ ရောက်ရှိနေပြီး ရောဂါဖြစ် နေစဉ်ကာလအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း ထားသော ကာကွယ်ဆေးများကို သက်ဆိုင်ရာ မြို့နယ်များသို့ ခွဲဝေပေးထားပြီး ကျန်ရှိသော ကုသဆေးများကို ရောဂါကျရောက်ပါက အသုံးပြုနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အရန်အဖြစ်ထားရှိကြောင်း သိရသည်။

ကောလင်းမြို့နယ် ကျေးရွာ ၄၆ အုပ်စု၊ ကျေးရွာ၂၂ဝရွာ၊ ရပ်ကွက်ရှစ်ရပ်ကွက် ရှိကြောင်း၊ ဒေသခံတောင်သူ တွေအနေဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူမှုများရှိသကဲ့သို့ စီးပွားဖြစ် ဝက်မွေးကြသူများ ရှိကြောင်း၊ ဝက်အကောင်ရေ ၄၇၅၄၄ ကောင်ထိ မွေးမြူထားကြောင်း စာရင်းများအရ သိရပါတယ်။

"ဇွန်၁၆ရက်က ဝန်းသိုမြို့နယ် ကစတင်ပြီး ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပြီး ကူးစက်လာတာ ကောလင်းမြို့နယ်ထဲ ပြန့်ပွားခဲ့ပါတယ်။ ဝက်နားရွက်ပြာ ရောဂါဟာကူးစက်မှု လျင်မြန်တဲ့အတွက် တချို့ဝက်ခြံလုံးကျွတ် သေဆုံးတာ တွေ့ရပါတယ်"ဟု ကောလင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger