www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေတော်ကက္ကူဘုရားများ အဆူ ၅၁၀ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

၂ဝ၁၆ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းမွေတော် ကက္ကူဘုရားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ စတင်ခဲ့ရာ ယနေ့ထိ ဘုရားစေတီစုစုပေါင်း အဆူ ၅၁ဝပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက် သတင်းများအရ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူရွာတွင် ၂ဝ၁၆ခုနှစ် ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရား ဝင်း အတွင်းရှိ အသောကဆုတောင်းပြည့် စေတီတော်ကြီး၊ ဖောင်တော်ဆိုက်စေတီ တော်ကြီးနှင့် အရံစေတီဘုရားများ၊ ပညောင်ပင်ကြီးများ လဲပြိုခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

အဆိုပါပျက်စီး သွားခဲ့သည့် မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block(A) မှ Block(I) ထိ Block ကိုးခု ခွဲခြားပြီး စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း ၂၄၈၇ ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော်ပေါင်း ၁ဝ၃၈ဆူ ပျက်စီးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပျက်စီးသွားခဲ့သော မွေတော်ကက္ကူဘုရားများကို ရှေးမူမပျက်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် အတွက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁ဝဝ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ တောင်ကြီးတို့တွင် အလှူခံဌာနများ ဖွင့်လှစ်၍ တာဝန်ယူကောက်ခံပေးပြီး မွေတော်ကက္ကူ ဘုရားဂေါပက အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ယခုနှစ်ဖေဖော်ဝါရီလ ကုန်ထိ ငွေကျပ် ၁၇ဝ၇၅၅ဝဝဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger