သိန်းနီ ၁၅-၈-၂ဝ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးတွင် မြေဆီများ တင်ဆောင်မောင်းနှင် လာသည့် ၂၂ ဘီးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ အချင်းဖြစ်နေရာသို့ သိန်းနီမြို့မ ရဲစခန်းမှ ဒုတိယရဲအုပ် မြတ်မင်းစိုးသည် သက်သေများနှင့် အတူသြဂုတ် ၁၃ ည ၆နာရီ ၄၅မိနစ်ခန့်က သွားရောက်စစ်ဆေးရာသိန်းနီမြို့နယ် ကျင်းချိုင်စားသောက် ဆိုင်မြေကွက်လပ် ရပ်ကွက် (၃) လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးမိုင်တိုင်အမှတ် (၂ဝ၆/၄) နှင့် (၂ဝ၆/၅)ကြား ယာဉ်မောင်းချစ်သဲမောင် (ဘ) ဦးအောင်မိုး ညောင်ခါးရှည်ရွာ ဝေါမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 8J/----Nissan ၂၂ ဘီး အပြာရောင်ယာဉ်သည် မြေဆီအိတ်များ တင်ဆောင်မောင်းနှင် လာစဉ် အချင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ချစ်သဲမောင်တွင် ယာဒူးခေါင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်ယာဉ်နောက်လိုက် ကိုကိုမောင်တွင် ဝဲဘက်ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲ၊ယာဒူးခေါင်းအောက် ထုံကျင်ဒဏ်ရာ(လှုပ်မရ)ဒဏ်ရာများ ရရှိမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ချစ်သဲမောင်ကို သိန်းနီမြို့မ ရဲစခန်းက ယာဉ်(ပ)၂၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment