www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 15, 2018

Melody Global ဖိနပ်စက်ရုံ ငွေပျောက်ဆုံးမှု ပြစ်မှုကျူးလွန်သူ ဖမ်းမမိသေး



ပဲခူး ၁၅-၈-၂ဝ၁၈

ပဲခူးစက်မှုဇုန် နယ်မြေအတွင်းရှိ Melody Global ဖိနပ်စက်ရုံမှ ငွေကျပ်သိန်း ၁၂ဝဝ ကျော်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ နှစ်ပတ်ကျော်ကြာ သည်ထိ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှ သိရသည်။

Melody Global ဖိနပ်စက်ရုံတွင် ဝန်ထမ်းများကို ပေးမည့် လစာငွေများမှာ သြဂုတ်၅ ရက်က စက်ရုံအတွင်းရှိ အဆောက်အအုံ လွတ်တစ်ခုတွင် သော့ပိတ်သိမ်းထားစဉ် ပျောက်ဆုံးသွားသဖြင့် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စက်ရုံအတွင်း လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာမှ စက်ရုံဝင်းအတွင်းရှိ အဆောက်အအုံကြား၌ ခရီးဆောင်အိတ် တစ်လုံးတွေ့ရပြီး အိတ်အတွင်းရှိ ကြွပ်ကြွပ်အိတ် ငါးလုံးထဲမှ ငွေကျပ်သိန်း ၁၁၄ဝကျော် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် ငွေကျပ်သိန်း ၆ဝ ကျော်ပျောက်ဆုံးနေခြင်း ဖြစ်သည်။

"ကျွန်တော်တို့ဆီကို အမှုလာဖွင့်ဖွင့်ချင်း ချက်ချင်းပဲ အခင်းဖြစ် နေရာစက်ရုံ ဝင်းအတွင်းကို သွားရောက်စစ်ဆေး ခဲ့ပါတယ်။ သိုဝှက်ထားနိုင်ခြေရှိတဲ့ နေရာ အနီးတစ်ဝိုက် လိုက်လံစစ်ဆေး တဲ့အခါ ကြွပ်ကြွပ်အိတ်ထဲမှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပြစ်မှုကျူးလွန် သူကတော့ စုံစမ်းစစ်ဆေးဆဲပါပဲ။ ဖမ်းဆီးရမိတာတော့ မရှိသေးပါဘူး"ဟု ပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ အမှုစစ်အရာရှိတစ်ဦးက ယနေ့တွင် ပြောပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံမှငွေခိုးယူသွားသူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ပဲခူးမြို့အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၁ဝ၆၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger