www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 15, 2018

တရားမဝင်သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူ၊ ဒီတိုနေတာ၊ ယမ်းကြိုးခွေနှင့် အမိုနီယမ် နိုက်ထရိတ်အိတ်များကို တွေ့ရစဉ်။

ဖမ်းဆီးရမိသူ၊ တရားမဝင်သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်အိတ်များကို တွေ့ရစဉ်။

နေပြည်တော် ၁၅-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအုပ်စု ကျောက်ချော ကွက်သစ်ကျေးရွာနေ ဒေါ်အေးမြင့်ကြည် (ဘ) ဦးလှဆောင် ပိုင်ဆိုင်သော စေတနာကျောက်ခွဲ စက်ဝင်းအတွင်း၌ တရားမဝင် အမိုနီယမ် နိုက်ထရိတ်များ သိုလှောင်ထားကြောင်း သတင်းအရ သြဂုတ် ၁၃ ရက် နံနက် ၁၁နာရီခွဲခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ ဝင်များနှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်းကျောက်ခွဲစက်ဝင်းသို့ သွားရောက်စစ်ဆေးရှာဖွေရာ တရားမဝင် အမိုနီယမ်နိုက်ထရိတ် ၁၅၁အိတ်(ခန့်မှန်း၃၃၇၅ ဒသမ ၂၈ကီလိုဂရမ်)နှင့် အတူဖမ်းဆီးရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် အုန်းချောကျေးရွာအုပ်စု ထုံးဘိုကျေးရွာ အမှတ် (၈) ရပ်ကွက်နေ အောင်မိုးသူ (ဘ) ဦးမောင်ညွန့်၏ ကျောက်လုပ်ကွက် အတွင်း၌ တရားမဝင် အမိုနီယမ်နိုက်ထရိတ်များ သိုလှောင်ထားကြောင်း သတင်းအရ မွန်းလွဲ ၁၂နာရီ ခွဲခန့်တွင် သွားရောက်စစ်ဆေး ရှာဖွေရာ တရားမဝင်အမိုနီယမ် နိုက်ထရိတ် အိတ် ၉ဝ (ခန့်မှန်း ၅၈၉၇ကီလိုဂရမ်)၊ ဒီတိုနေတာအချောင်း ၂ဝ၊ အရှည် ပေ ၈ဝခန့်ရှိ ပန်းဆီရောင် ယမ်းကြိုးခွေတစ်ခွေတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင် အမိုနီယမ်နိုက် ထရိတ်များနှင့်အတူ ဖမ်းဆီးရမိသူများကို တရားဥပဒေအရ အရေးယူနိုင်ရေး အုန်းချောနယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger