www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် မြန်မာမေကောင်းသစ်အချောထည်စက်ရုံမှ အလုပ်သမားဦးရေ ၃ဝ ခန့် ဆန္ဒထုတ်ဖော်



မန္တလေး ၂-၈-၂ဝ၁၈

အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့မှု၊ သမဂ္ဂအလုပ်သမားများကို ခွဲခြားဆက်ဆံမှု ရပ်တန့်ပေးရန်နှင့် အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ယနေ့ နံနက်ပိုင်းက မန္တလေး ပြည်ကြီးတံခွန် မြို့နယ် မင်းကြီးရန်နောင် လမ်းအနီးစက်မှု ပန်းခြံလမ်းပေါ်ရှိ မြန်မာမေကောင်းသစ် အချောထည် စက်ရုံရှေ့တွင် အဆိုပါစက်ရုံမှ အလုပ်သမားဦးရေ ၃ဝ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

"ဒီမှာစလုပ်ပြီ ဆိုကတည်းက အလုပ်သမား အခွင့်အရေးတွေ မရခဲ့ပါဘူး။ ၂ဝ၁၇ခုနှစ် နှစ်ကုန်ပိုင်းလောက်က အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုလို့ရတယ်ဆိုတာ သိလာခဲ့ပါတယ်။ အလုပ်သမား အခွင့်အရေး တောင်းဆိုနိုင်ဖို့ သမဂ္ဂအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်းမှ ရက်မှန်ကြေး၊ နှစ်ကြေးတွေကို မပေးတော့ပါဘူး။ ဒီကိစ္စကို မြို့နယ် အလုပ်သမားရုံးကို စာတင်ခဲ့ပေမယ့် အခုအချိန်ထိ ပြန်မရခဲ့ပါဘူး။ အလုပ်သမားတွေမှာ ဥပဒေရှိသလို အလုပ်ရှင်တွေမှာလဲ ဥပဒေရှိပါတယ်။ အလုပ်သမားတွေကျ ဥပဒေအတိုင်း လုပ်ဆောင်ရပြီး အလုပ်ရှင်က ဥပဒေအတိုင်းမလိုက်နာ ချိုးဖောက် နေတာတွေကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုချက် ၁ဝ ချက်လုပ်ပေးဖို့ တောင်းဆိုရတာပါ"ဟု မြန်မာမေကောင်းသစ် အချောထည် စက်ရုံအခြေခံ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းအဖွဲ့ဝင် ဒေါ်ခင်စန်းလွင်က ပြောပြသည်။

မြန်မာမေကောင်းသစ် အချောထည် စက်ရုံအခြေခံ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အလုပ်သမားဦးရေ ၃ဝခန့်သည် တောင်းဆိုချက် ၁ဝချက် လုပ်ဆောင်ပေးရန် ယနေ့နံနက်ပိုင်းတွင် စက်ရုံမန်နေဂျာနှင့် တွေ့ဆုံဆွေးနွေးခဲ့ သော်လည်း ပြေလည်မှုမရရှိသဖြင့် စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

"ဒီစက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့မှုကို ချက်ချင်းလုပ်လိုက်တယ်။ ဒီလုပ်ရပ်က အလုပ်သမားသမဂ္ဂကို အလုပ်ရှင်က ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲချင်တာ ထင်ပေါ် နေပါတယ်။ ရေသန့်ရေ မသောက်သုံးရဘူး။ ရေစင်က ဆင်းလာတဲ့ ရေကိုပဲ သောက်သုံးနေရပါတယ်။ လေဝင်လေထွက် ကောင်းမွန်အောင် လုပ်ပေးဖို့ နားနေဆောင်လုပ်ပေးဖို့ စတဲ့ အချက် ၁ဝချက်ကို တောင်းဆိုထားပါတယ်။ တောင်းဆိုတဲ့ အချက်တွေထဲက အချက် ခုနစ်ချက်တော့ ပြေလည်မှုရရှိပြီး လုပ်ငန်းခွင်ဌာနများ ပြောင်းလဲခိုင်းစေခြင်း မပြုရန်၊ ကျွမ်းကျင်ကြေးများ ပေးရန်နှင့် ယခင်ပေးမြဲ ခံစားခွင့်များ ဆက်လက်ပေးရန် စသည့်အချက်များ ပြေလည်မှု မရသေးကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမင်းသက်ထွေးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger