www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားတစ်ဦးအား ဓားဖြင့်ထိုးသွားသူ သုံးဦးကို ဖမ်းဆီးရမိ



ကျောက်ဆည် ၃၁-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားတစ်ဦးအား ဓားဖြင့် ထိုးသွားသူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည်။

နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကျောင်းသားနှစ်ဦးဖြစ်သည့် သန့်ဇင်မင်းနှင့် နေမင်းထက်တို့သည် ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ စည်းစိမ်ကြွယ် အရက်ဆိုင်သို့ သြဂုတ် ၂၉ရက်ည ၁ဝနာရီခန့်က အရက်ဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ညောင်ခြောက်ပင်ရပ်ကွက် မေသောင်းအဆောင်ရှေ့တွင် လူသုံးဦး စီးလာသည့် ဆိုင်ကယ်ဖြင့် တိုက်မိမလို ဖြစ်ခဲ့ပြီးနောက် ဆိုင်ကယ်ကို ဆက်လက်မောင်းနှင် ခဲ့ပြီး ပြည်လုံးနိုင်ရပ်ကွက်ရှိ စည်းစိမ်ကြွယ် အရက်ဆိုင်သို့ ရောက်ရှိခဲ့သည်။

ထို့သို့ရောက်ရှိ၍ ဆိုင်ကယ်ရပ်စဉ် အဆိုပါလူသုံးဦး ရောက်ရှိလာပြီး နေမင်းထက်နှင့် သန့်ဇင်မင်းတို့ကို ဆိုင်ကယ်ပေါ်မှ ဆင်းရန်နှင့် ဖုန်းပေးရန်ပြောဆိုခဲ့ကာ အချင်းများကျပြီး နေမင်းထက်ကို ဓားဖြင့်ထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ဓားဖြင့်အထိုးခံရသူ နေမင်းထက်မှာ ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် အလီဘိုင်(ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့ကို ကျောက်ဆည်မြို့မရဲစခန်းက (ပ) ၇၃၁/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂/၁၁၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger