www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

ငွေကျပ်သိန်း ၂၄ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



သာစည် ၁၆-၈-၂ဝ၁၈

သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ သော်တာဝင်းတိုးဂိတ် အနီးတွင် သြဂုတ် ၁၄ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ခရီးသည် တင်ယာဉ်ပေါ်လိုက်ပါ စီးနင်းလာသူထံမှ ငွေကျပ်သိန်း ၂၄ဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ် (၁၈) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (မန္တလေးတောင်ပိုင်း)မှ ရဲအုပ်ခွန်အောင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းနိုင်ရွှေနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ယာဉ်များကိုရပ်တန့် စစ်ဆေးရာ တောင်ကြီးဘက်မှ ယာဉ်မောင်း တင်မိုးလွင် မောင်းနှင်လာသည့် အောင်လံမိုး ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် 4M/---- ခဲရောင်ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ခုံအမှတ် (A) သန်းမင်းထွဋ် (ခ) သန်းမင်း (ဘ) ဦးထွန်းရွှေ နောကုန်းကျေးရွာ သဲကုန်းမြို့နယ် ပဲခူးတိုင်းဒေသကြီး နေသူ၏ ဆာလာအိတ် အတွင်းမှ စက္ကူချပ်ဖာအတွင်း သံပုံးအပိုင်းပြတ် အထဲရှိ အကြည်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဆီတိုဟူးအတွင်း သိုဝှက်ထားသော WY စာတန်းပါလိမ္မော်ရောင် စိတ်ကြွဆေးပြား ၈ဝဝဝ အလေးချိန် ၈ဝဝဂရမ်ခန့် တန်ဖိုး ငွေကျပ်သိန်း ၂၄ဝခန့်ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းမင်းထွဋ် (ခ) သန်းမင်းကို သာစည်မြို့မရဲစခန်းက မယ(ပ)၁၂/၂ဝ၁၈၊မူး/ စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger