www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

အဆိုတော် ရသနှင့် အပေါင်းအပါနှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ



မန္တလေး ၁၆-၈-၂ဝ၁၈

မန္တလေးမြို့ရှိ အအေးခန်း ဧည့်ရိပ်မွန်တစ်ခုတွင် အဆိုတော်ရသနှင့် အပေါင်းအပါနှစ်ဦးကို မူးယစ်ဆေးဝါး များနှင့်အတူ သြဂုတ် ၁၄ ရက် ညနေ၃နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ်(၁၈) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု မန္တလေးမှ ရဲအုပ် လင်းထွန်းဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်ဇေယျလမ်း ၄၉ လမ်းနှင့် လမ်း ၅ဝကြား အအေးခန်းဧည့်ရိပ်မွန် အခန်းအမှတ် (---) တွင် ရဲမင်းသိန်း (ခ) ရသသည် မူးယစ်ဆေးဝါးများနှင့် အတူရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေရာ အခန်းအတွင်း ရဲမင်းသိန်း (ခ) ရသ၊ မျိုးတင့်၊ ခေမီ (ခ) ဗျာတာမီးတို့သုံးဦးကို တွေ့ရှိခဲ့ပြီး အိပ်ရာခုတင်ဘေး စားပွဲခုံငယ်ပေါ်မှ အအေးစုပ်ပိုက် တစ်ချောင်းလျှင် စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၃ဝ စီပါ အဝါရောင်နှင့် အနီရောင် နှစ်ချောင်း၊ အနီရောင်ပိုက်အတွင်း ထည့်ထားသော စိတ်ကြွဆေးပြား ၂၅ ပြားပါ တစ်ချောင်း၊ အနီရောင်ပိုက်အတွင်း စိတ်ကြွ ဆေးပြားငါးပြားပါ နှစ်ချောင်း စုစုပေါင်း ဆေးပြား ၉၅ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ခါးလယ်၌ အပေါက်ဖောက်၍ အအေးစုပ်ပိုက် တပ်ဆင်ထားသည့် ရေသန့်ဘူးခွံ တစ်ခု၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆေးပြားများ ကပ်ညှိနေသည့် ခဲစက္ကူတစ်ခုနှင့် အသုံးပြုပြီးဖြစ်သော ငွေရောင် ခဲစက္ကူနှစ်ခု၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ထိပ်ဘက်တွင် ငွေရောင်စက္ကူ တပ်ထားသည့် ပိုက်တိုနှစ်ချောင်းတို့ကို တွေ့ရှိခဲ့သည်။

ဆက်လက်ရှာဖွေရာ အခန်းအတွင်းရှိ အိမ်သာရေချိုးခန်း မှန်တင်ခုံပေါ်မှ တစ်ရှူးအစိုဘူးခွံ အတွင်းထည့်ထားသော အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်တစ်ထုပ်လျှင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂ဝဝ ပါ ခုနစ်ထုပ်၊ ဆေးပြား ၁၆ဝ ပါတစ်ထုပ် စုစုပေါင်းဆေးပြား ၁၆၅၅ ပြား ကာလတန်ဖိုးငွေကျပ် ၈၂၇၅ဝဝဝ ခန့်၊ အိပ်ရာခုတင်ပေါ်မှ အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ ရွှေအိုရောင်လက်ကိုင် ဖုန်းနှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲမင်းသိန်း (ခ) ရသ (ဘ) ဦးတင်အုံး၊ မျိုးတင့် (ဘ) ဦးမြင့်တိုး၊ ခေမီ(ခ) ဗျာတားမီး (ဘ) ဦးအားစီတို့ကို အောင်ပင်လယ်နယ်မြေ ရဲစခန်းက မယ(ပ)၁၁/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger