www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 16, 2018

မုံရွာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၁၆-၈-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၆၈ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၈၉ ဦးတို့ကို ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကလေးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါတို့အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင် ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် ဖွင့်လှစ်ပေး ထားသည့် ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ ကျောင်းသုံး စာရေးကိရိယာများ၊ စားသောက်ဖွယ်ရာများ နှင့် ဗီတာမင်အားဆေးများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger