www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 8, 2018

ဝမ်းတွင်းမြို့တွင် ပလတ်ခေါင်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ဝမ်းတွင်း ၈-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အမှတ်(၃) ဗဟိုရပ်တွင် ယနေ့ နံနက် ၁၁နာရီ မိနစ် ၄ဝခန့်က ပလတ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (ဘ)ဦးပေါ်ထွန်း အမှတ် (၃) ဗဟိုရပ် ဝမ်းတွင်းမြို့ နေထိုင်သည့် နေအိမ် (၁၂×၄ဝ)ပေ တစ်ထပ်ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာနေအိမ်ရှိ လျှပ်စစ်မိန်းခုံတွင် တပ်ထားသည့် ပလတ်ခေါင်း အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက် လောင်ကျွမ်းရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ရုံးမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ သဲတောနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ်စီး စုစုပေါင်း ရေသယ်ယာဉ်လေးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၆ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝဦးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီမိနစ် ၅ဝခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁နာရီ ၅၃မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၂၄ဝဝဝဝ ဆုံးရှုံးခဲ့ပြီး ပတ်ဝန်းကျင်သို့ မီးကူးစက်မှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းထွန်းကို ဥပဒေအရအရေး ယူပေးပါရန် ဒုတိယရဲအုပ် ဝင်းဇေယျာဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မ ရဲစခန်းက (ပ)၂ဝ၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုပ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#PyiChitThar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger