www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

ငွေကျပ် သိန်းတစ်သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပါးများ ဖမ်းဆီးရမိ



လားရှိုး ၁၇-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အဝေးပြေး ကားကြီးကွင်း၌ ရန်ကုန်သို့သွားမည့် ခရီးသည် သုံးဦး၏ ခရီးဆောင်အိတ်များ အတွင်းမှ ငွေကျပ်သိန်းတစ်သောင်း ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း လာရှိုးမြို့မရဲစခန်းမှ သိရသည်။

နားမခေါ်ကားကြီးကွင်းအတွင်း သြဂုတ် ၁၅ရက် ညနေ ၄နာရီကျော်က ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်သို့လိုက်ပါမည့် ခရီးသည်သုံးဦး၏ ခရီးဆောင်အိတ် သုံးလုံးအတွင်းမှ စိတ်ကြွဆေးပြား ၅၈၅ဝဝဝ ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်းဖြင့် သတင်းပေး၍ ဂိတ်တွင် မသင်္ကာသည့် လူသုံးဦးကို စစ်ဆေးရာမှ ၎င်းသူတို့သယ်လာသည့် ခရီးဆောင်အိတ် သုံးလုံးထဲတွင် ထည့်လာသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခြင်းဖြစ်ကြောင်း၊ နယ်မြေရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖမ်းမိခြင်းဖြစ်ကြောင်း လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကျော်နိုင်က ပြောပြသည်။

၎င်းခရီးသည် သုံးဦးထံမှ စိတ်ကြွဆေးပြား ၅၈၅ဝဝဝ အလေးချိန် ၅၂၆၅ဝ ဂရမ် တန်ဖိုး ငွေကျပ် ၁၁၇ဝဝဝဝဝဝဝ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ
ဂျီမေ၊ကျာဖေ၊ ကျအီတို့ သုံးဦးကို လားရှိုးမြို့မရဲစခန်းက မယ(ပ) ၁၆၃/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger