www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

နမ့်ဆန်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



နေပြည်တော် ၁၇-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၄ ရက်နံနက် ၈ နာရီခွဲတွင် တရားမဝင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရ နမ့်ဆန်မြို့နယ် အထက်ပဒေါင်းကျေးရွာနေ ဦးစွမ်သား (ဘ) ဦးချွမ်သား၏ နေအိမ်ကို မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်ရှာဖွေရာ ဝါးရုံပင်အောက်တွင် ဝှက်ထားသော ဆာလာအိတ်များအတွင်းမှ (ဆပ်ပြာခွက်တစ်ခွက်လျှင် ၁ဝဂရမ်ပါ ဘိန်းဖြူ ဆပ်ပြာခွက် ၃၄၆ခွက်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈ဝဝဝဝ၊ လက်ကိုင်ဖုန်းလေးလုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းကို စစ်ဆေးမေးမြန်း ချက်အရ မူးယစ်ဆေးဝါးများ ကျန်ရှိနေကြောင်း သိရရသဖြင့် ပူးပေါင်းအဖွဲ့က သြဂုတ် ၁၅ရက်မွန်းတည့် ၁၂ နာရီခန့်တွင် သွားရောက်ရှာဖွေရာ မဘိမ်းမြို့၏ အရှေ့တောင်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ လူနေတဲနှစ်လုံး၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာရှိ ချုံပုတ်အတွင်းမှ သစ်လုံးအောက်တွင် ပီနံအိတ်ဖြင့် ထုပ်၍ ဝှက်ထားသည့် (ဆပ်ပြာခွက်တစ်ခွက်လျှင် ၁ဝဂရမ်ပါ) ဆပ်ပြာခွက် ၁ဝခွက်၊ 88/1စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၅၄ဝကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ၎င်းကို ထပ်မံစစ်ဆေး မေးမြန်းချက်အရ ပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီခွဲခန့်တွင် မဘိမ်းမြို့နယ် စီပိန်းကျေးရွာ၏ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာရှိ လူနေတဲနှစ်လုံးအတွင်းမှ ဘိန်းဖြူမှုန့် သုံးဂရမ်ခန့်နှင့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄၃၄ပြားတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူနှင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ဝဝဝကျော်)နှင့် ဆက်စပ်ပစ္စည်းများကို မဘိမ်းမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger