www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 20, 2018

ကွတ်ခိုင်မြို့နယ်နှင့် လားရှိုးမြို့တို့တွင် ငွေကျပ်သိန်း ၁၉၆၂၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ



နေပြည်တော် ၂ဝ-၇-၂ဝ၁၈

မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ရက် ည ၈နာရီခန့်က ကွတ်ခိုင်မြို့အထွက် ကွတ်ခိုင်တာမိုးညဲသွား ကားလမ်း နမ့်ဟူးကျေးရွာ အနီးတွင် ကျုံးလီခမ်းမောင်းနှင်လာသည့် TOYOTA LANDCRUISER မော်တော်ယာဉ် ရောက်ရှိလာ၍ရှာဖွေရာ ဘိန်းညိုမှုန့် ၂၁၈ ထုပ် အလေးချိန် ၂၁၈ ကီလိုနှင့်လက်ကိုင် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ် ချက်အရ ဇူလိုင် ၁၈ ရက်မွန်းလွဲ ၁၂ နာရီ မိနစ် ၃ဝ ခန့်တွင် မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးနှင့် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ တို့ကတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ နယ်မြေ (၅) အမှတ်(၁၂)ရပ်ကွက် ဈေးတန်းလမ်းတွင် နေထိုင်သူ လော်ဖိန်း(ခ) စိုးနိုင်လင်း(ခ)လီလျိုဆူးကို နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် လော်ဖိန်း(ခ) စိုးနိုင်လင်း(ခ) လီလျိုဆူးနှင့်ကျုံးလီ ခမ်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger