www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 31, 2018

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ မူးယစ်ဆေးဝါးများ၊ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဖမ်းဆီးရမိ



မိုးညှင်း ၃၁-၇-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရဲစခန်း ပိုင်နယ်မြေတွင် သတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ရောင်းရငွေနှင့် ရွှေထည် ပစ္စည်းမျိုးစုံတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေ ရဲစခန်းမှ သိရသည်။

အင်းတော်ကြီး ဒေသညောင် ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းသည် ယနေ့မွန်းလွဲ ၁၂နာရီမိနစ် ၃ဝခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေသော သတင်းအရ လုံးတုံနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယ ရဲအုပ်ဝေမင်းဖြိုး၊ ရဲတပ်ကြပ်ကြီး ညိုမောင်နှင့်အဖွဲ့၊ ကျေးရွာပြည်သူ့ စစ်အဖွဲ့နှင့် ကျေးရွာရပ်မိ ရပ်ဖများပါဝင်သော အဖွဲ့တို့နှင့်အတူ ညောင်ပင်ကျေးရွာ အုပ်စုအတွင်း အောက်ရွှေကျင်အရပ်ရှိ စုစုသန်း၏ လယ်တဲကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးဘိန်းဖြူ သုည ဒသမ ၂၅ဂရမ်ခန့်ပါ ပုလင်း ၁၁ပုလင်း၊ သုည ဒသမ ဝ၅ဂရမ်ခန့်ပါတစ်ဘူး၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား၂၁ပြား၊ ဘိန်းဖြူ ၂ ဒသမ ၈ဝ၁ ဂရမ်၊ငွေစက္ကူရောရာ ငွေကျပ်၃၆၅ဝဝဝ၊ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေလက်စွပ် စုစုပေါင်း အလေးချိန် ၁ဝ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင်ဖြစ်သူ စုစုသန်းမှာ တိမ်းရှောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုစုသန်း (ဘ) ဦးသန်းမောင် မြို့သစ်ကလေးကျေးရွာ ဟိုပင်မြို့နေသူကို လုံးတုံနယ်မြေရဲစခန်းက မယ(ပ)၄၅/၁၈၊မူး/စိတ်ပုဒ်မ- ၁၉(က)/ ၂၁(က)ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger