www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

ငွေကျပ်သိန်းပေါင်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော် ၁၁-၇-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရေယား ကျေးရွာအနီး၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင်ရွက်စဉ် ဇူလိုင် ၉ရက် ညနေ ၄နာရီ ၄၅မိနစ်ခန့်တွင် ရွှေညောင်မြို့ ဘက်မှ ကလောမြို့ဘက်သို့ အောင်ဇော်ဦး (ဘ) ဦးကြည်တင် မောင်းနှင်လာသည့် Wave-125 အမျိုးအစား လိုင်စင်မဲ့မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၄ဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း၁၄ဝ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ည ၇ နာရီခန့်တွင် ကလောမြို့ဘက်မှ တောင်ကြီးဘက်သို့ မောင်စောလု (ဘ) ဦးကျလောမောင်းနှင် လာသည့် Wave-125 အမျိုးအစား လိုင်စင်မဲ့မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံပေါ်တွင် တင်ဆောင်လာသည့် အနီရောင်ခရီးဆောင် အိတ်အတွင်းမှ ICE ၁၀ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း၂ဝဝဝခန့်) နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို ကလောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger