www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 28, 2014

ASEAN Business Award ( ABA ) လျှောက်ထားနိုင်သည့်ရက် တိုးမြှင့်



ရန်ကုန် ၊ ၂၈-၆-၂၀၁၄

အာဆီယံ ၁ဝ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသာ ဝင်ရောက် ယှဉ်ပြိုင် နိုင်သည့် အာဆီယံ ဒေသတွင်း စီးပွားရေး ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်သော ASEAN Business Award 2014 ( ABA ) အတွက် ဝင်ရောက် လျှောက်ထား နိုင်သည့် ရက်ကို ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ် လိုက်ကြောင်း ASEAN Business Advisory Council ( ABAC ) အာဆီယံ စီးပွားရေး ဆိုင်ရာ အကြံပေး ကောင်စီထံမှ သိရသည်။

ASEAN Business Award 2014 တွင် ယခင်နှစ် များနှင့်မတူဘဲ ကဏ္ဍ အသစ်များ ထပ်မံ တိုးမြှင့်ထားပြီး အဓိက ကဏ္ဍကြီးနှစ်ခု အဖြစ် Large Category နှင့် MSME Category နှစ်ခု ခွဲခြားထားရာ Large Category ကဏ္ဍ အောက်တွင် Corporate Excellence, Innovation နှင့် ASEAN Centricity  ခေါင်းစဉ်သုံးခုဖြင့် ယှဉ်ပြိုင်နိုင် ကြောင်း၊ MSME ကဏ္ဍအောက်တွင် Micro, Small and Medium Size ကုမ္ပဏီများ၊ လူငယ်စွန့်ဦး တီထွင်သူများ နှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ လျှောက်ထား နိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ကဏ္ဍအသစ်များ တိုးချဲ့ထား ခြင်းကြောင့် အာဆီယံ နိုင်ငံများရှိ စီးပွားရေး လုပ်ငန်းရှင်များမှ လျှောက်ထားရန် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိပြီး မြန်မာ နိုင်ငံမှလည်း ဇွန်လ တတိယပတ် အထိ ကုမ္ပဏီ ၄ဝ ကျော် ဝင်ရောက် လျှောက်ထားပြီး ဖြစ်သည်။ 

ထို့ကြောင့် ASEAN Business Award ( ABA ) ကို လျှောက်ထား လိုသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဇူလိုင် ၁၅ ရက်အထိ www.asean-bac.org တွင် Online Registration စနစ်ဖြင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger