www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



ရွှေကူ ၁၁-၇-၂ဝ၁၈

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ဇူလိုင် ၉ ရက်က နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် နေအိမ်ဈေးဆိုင်တဲအတွင်းမှ ကာလတန်ဖိုးငွေကျပ် ၃၄ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၇၃၈ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရွှေကူမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် ငြိမ်းချမ်းစိုး၊ ရွှေကူမြို့ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် သန့်ဇင်ဦး၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအသိသက်သေ များသည် ဇူလိုင် ၉ရက်မွန်းတည့် ၁၂နာရီက မူးယစ်ဆေးဝါးသတင်းအရ ရွှေကူမြို့ဇင်းဘုံကျေးရွာရှိ ဒေါ်နွဲ့နွဲ့သိန်း၏ ဈေးဆိုင်ကို ဝင်ရောက်ရှာဖွေရာ ၎င်းကို ဈေးဆိုင်အတွင်း အသင့်တွေ့ရှိ ခဲ့ရသည်။

ဆက်လက်ရှာဖွေရာ Piston Kit စာတန်းပါ သံဘူးအတွင်း အပြာရောင်ကပ်ခွာအိတ် နှစ်အိတ်ဖြင့် ထုပ်လျက် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၃၈ပြား၊ အပြာရောင် ပလတ်စတစ်ဘူးအတွင်း အပြာရောင်ခွာအိတ်ဖြင့် ထည့်လျက်အထုပ် ရှစ်ထုပ်အတွင်း စိတ်ကြွဆေးပြား ၁၆ဝဝ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၃၄၇၆ဝဝဝရှိ စိတ်ကြွဆေးပြား ၁၇၃၈ ပြားကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ နွဲ့နွဲ့သိန်းကို ရွှေကူမြို့မရဲစခန်းက မယ(ပ)၂၆/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger