www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 26, 2018

မောင်တောာဒေသ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ ကွင်းဆင်းသတင်းရယူ



မောင်တော ၂၆-၇-၂ဝ၁၈

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များကို မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်းပြည်ပသတင်းမီဒီယာများပါဝင်သည့် သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ ထွက်ခွာလာရာ ရေချမ်းပြင် ဆိပ်ကမ်းမှတစ်ဆင့် ကိုင်းကြီး (မြို)ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာပြောင်းရွှေ့နေထိုင်မှု၊ ကျေးရွာသစ်တွင် နိုင်ငံတော်အထောက်အပံ့ဖြင့် နေအိမ်များဆောက် လုပ်ပေးထားမှု၊ ပညာရေး၊ ကျန်းမာရေးဆောင် ရွက်ပေးထားမှုတို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့က လက်ရှိ နယ်မြေလုံခြုံမှု အခြေအနေ၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ရောက်ရှိလာပါက သဟဇာတမျှတစွာ နေထိုင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိကြပြီး သတင်းမီဒီယာ အဖွဲ့က မိုးရာသီကာလ စပါးစိုက်ပျိုးထားမှု၊ နယ်မြေလုံခြုံ အေးချမ်းမှု၊ နှစ်ဖက်အသိုက်အဝန်း များနေထိုင်နေမှုတို့နှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက စခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့က ငါးခူရပြန်လည်လက်ခံရေးစခန်းမှ လက်ခံထား သူများအား ကူညီစောင့်ရှောက်ပေးနေမှု၊ စခန်းသို့ရောက်ရှိလာသူများအား NVC ကတ်ထုတ်ပေးခြင်း၊ ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ စသည်တို့နှင့်ပတ်သက်၍ မေးမြန်းသတင်း ရယူခဲ့ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger