www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 1, 2018

နှစ်နှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ဗီဇာစည်းကမ်းဖောက်ဖျက်မှု များကြောင့် ဦးရေ ၈ဝ အရေးယူထား



မန္တလေး ၁-၆-၂ဝ၁၈

နှစ်နှစ်တာကာလအတွင်း မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများ ဗီဇာစည်းကမ်းဖောက်ဖျက်မှု များကြောင့်ဦးရေ ၈ဝ ကို အရေးယူထားကြောင်း တိုင်းဒေသကြီး သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးမျိုးသစ်ထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ နိုင်ငံခြားသား ဧည့်သည်များသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များမှ ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေကို လေးစားလိုက်နာရန် သဘောတူမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားများသည် ခွင့်ပြုချက်မရှိသည့် နေရာများသို့ သွားရောက်ခွင့်ပြု မထားဘဲ လုံခြုံရေးအရ ခွင့်ပြုချက်ရရှိမှာသာ သွားလာခွင့်ပြု ထားကြောင်း၊ ထိုသို့ခွင့်ပြုချက် မရှိသည့် နေရာဒေသများသို့ သွားလာခြင်း ပြုပါက ဗီဇာစည်းကမ်းဖောက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ဥပဒေအရ အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသားများ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ စည်းကမ်းတကျ သွားရောက် လည်ပတ်နိုင်ရန်အတွက် စနစ်တကျဆောင်ရွက် ပေးလျက်ရှိပြီး ယခင်နှစ်များထက် စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသားများကို ပိုမိုအရေးယူမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

ဗီဇာစည်းကမ်း ဖောက်ဖျက်သည့် နိုင်ငံခြားသားများ အနေဖြင့် ပြစ်ဒဏ်များကို မြန်မာနိုင်ငံအတွင်း၌သာ ကျခံရမည်ဖြစ်ပြီး ပြစ်ဒဏ် ပြီးဆုံးပါက မြန်မာနိုင်ငံအတွင်းသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့်မပြုရန် အပြည်ပြည် ဆိုင်ရာဝင်ပေါက်များတွင် ပြစ်မှုကျူးလွန်ထားသူ၏ အမည်စာရင်းကို Blacklist လုပ်ထားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger