www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 18, 2018

ဒလတံတားစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ဒေသခံများနှင့် သံဃာတော်များ အပါဝင် လူအင်အားထောင်ကျော် ဆန္ဒထုတ်ဖော်



ဒလ ၁၈-၆-၂ဝ၁၈

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် လူထုဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ဒလမြို့နယ် ရာဇသင်္ကြန် ဘုရားကြီးမုခ်ဦးဝမှ နာရီစင်ပတ်၍ ကမာကဆစ်ဗိုလ် မင်းလမ်းမကြီးအတိုင်း ကျောက်တိုင်ရှေ့ သဲကွင်းကြီးထိ လူအင်အားထောင်ကျော် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲကို ဒလမြို့နယ် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ဖျာပုံစသည့် ဧရာဝတီတိုင်း ဒေသကြီးမှ ပြည်သူများနှင့် သံဃာတော်များက ပါဝင်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒလတံတားစီမံကိန်းနှင့် ပတ်သက်ပြီး အချိန်ကြန့်ကြာ နှောင့်နှေးမှုများ ရှိနေခြင်းကြောင့် အမြန်ဆုံး အကောင်အထည်ဖော်ရန် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဒေသခံဆန္ဒထုတ်ဖော် သူများက ပြောပြသည်။

"တံတားက ဆောက်မယ် ပြောတာလဲ ကြာပီ။ အခုထိမဆောက် ဖြစ်သေးဘူး။ တံတား တည်ဆောက်ပြီးရင် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာမှာ အခုကျ မဆောက်ရသေးတော့ ရေလမ်းကိုအသုံးပြု သွားလာနေရတာ အန္တရာယ်များပါတယ်။ ဒါ့ကြောင့် တံတားကို အမြန်ဆုံး တည်ဆောက်ပေးဖို့ တောင်းဆိုနေတာပါ"ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ကြသူများ စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးများနှင့် ပါဝင်ကြပြီး ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်ရှိ ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ရန်ကုန်ဒလ တံတား စီမံကိန်းကို မူလအစီစဉ်အတိုင်း အမြန်ဆုံးအကောင်အထည် ဖော်တည်ဆောက် ပေးရေးတံတား စီမံကိန်းကို ကြန့်ကြာစေရန် ကန့်ကွက်သူများကို အလိုမရှိဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger