www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 18, 2018

မဲခေါင်ဒေသ တရားမဝင်တောရိုင်း တိရစ္ဆာန်ကုန်သွယ်မှု တိုက်ဖျက်ရေး ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲ မြန်မာနိုင်ငံ ပါဝင်ခွင့်ရရှိ



ရန်ကုန် ၁၈-၆-၂ဝ၁၈

မဲခေါင်ဒေသ တစ်ဝိုက်တွင် တရားမဝင်ရောင်းဝယ် ဖောက်ကားနေသည့် တောရိုင်းတိရစ္ဆာန် ဈေးကွက်ကို ကမ္ဘာကသတိ ထားမိလာစေရန် ပြုလုပ်သည့် ရုပ်သံဇာတ်လမ်းတို ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့သတင်းများ အရသိရသည်။

ယခုအခါ တောရိုင်း တိရိစ္ဆာန်များ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၊ ဦးချို၊သားရေ၊ အရိုးနှင့်အရေခွံများကို တရားမဝင်ကုန်သွယ်မှု ပြုလုပ်မှုများ ရှိနေသဖြင့် တောရိုင်း တိရစ္ဆာန်များမှာ မှောင်ခိုသမား မုဆိုးများ၏ သတ်ဖြတ်မှုကို ခံနေကြရသည်။ မဲခေါင်ဒေသသည် တောရိုင်းတိရစ္ဆာန်များ၊ အများအပြား ကျက်စားရာနေရာ ဒေသတစ်ခုဖြစ် နေသဖြင့် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုများ ရှိနေသည်။

ထို့ကြောင့် အဆိုပါတောရိုင်း တိရစ္ဆာန်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရေးနှင့် မဲခေါင်ဒေသ တစ်ဝိုက်တွင် တရားမဝင်ရောင်းဝယ် ဖောက်ကားနေသည့် တောရိုင်းတိရစ္ဆာန် ဈေးကွက်ကို ကမ္ဘာမှသတိထားသိရှိ လာစေရေးအတွက် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးရုပ်သံ ဇာတ်လမ်းတိုပြိုင်ပွဲကို ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့အပြင် မြန်မာနိုင်ငံမှလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မဲခေါင်ဒေသ ရှိတရားမဝင် သားငှက်တိရစ္ဆာန် ကုန်သွယ်မှုကို ဖန်တီးရိုက်ကူးတင် ဆက်ပေးရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အဆင့်နှစ်ခုခွဲပေးထားပြီး ဘွဲ့ကြိုကျောင်းသားများနှင့် အတန်းပညာသင်ယူ နေသည့် ကျောင်းသားများပါ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ကျောင်းသားအဆင့် ပြိုင်ပွဲလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။

အဆိုပါပြိုင်ပွဲအတွက် အင်္ဂလိပ်စာတန်း ထိုးထားသည့် ရုပ်ရှင်ဇာတ်လမ်းတိုကို သြဂုတ် ၁၅ရက်နောက် ဆုံးထားပို့ပေးရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ဇာတ်လမ်း တိုများအား ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် လူကြိုက် အများဆုံးဆု၊ ကျောင်းသားဆုများ ချီးမြှင့်ပေးအပ် သွားမည် ဖြစ်သည်။ ထို့ပြင်အဆိုပါ ပြိုင်ပွဲတွင်ပါ ဝင်ယှဉ်ပြိုင်သည့် တစ်နိုင်ငံချင်းစီကို အထူးဆုများ ပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သည့်သတင်း အချက်အလက်များကို လွန်ဘရာဘန် ရုပ်ရှင်ပွဲတော် Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဗြိတိသျှ အစိုးရနှင့်လွန်ဘရာ ဘန်ရုပ်ရှင်ပွဲ တော်ကဦးဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WFF)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့နှင့် ပူးပေါင်းပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger