www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

မင်းတုန်းချောင်းအတွင်း ထင်းဆယ်သူမျောပါ ပျောက်ဆုံး



မင်းတုန်း ၁၄-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း တောင်ကျချောင်း ရေလျှံတက်ခဲ့သဖြင့် ချောင်းအတွင်း ထင်းဆယ်ယူနေသော လူတစ်ဦး မျောပါ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ် လွှာဝအုပ်စု မှိုက်ကျေးရွာတွင် ဇွန် ၁၁ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသွားသူ အသက် ၅ဝ နှစ်အရွယ် ဦးကျော်နိုင်ကို ဇွန် ၁၂ ရက် ညနေပိုင်းထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

"သူ့အိမ်က ရွာထိပ်ချောင်းဘေးမှာပါ။ ညပိုင်းတောင်ကျရေ တွေတက်လာတော့ သူ့အိမ်ကထင်းတွေ ရေထဲမျောလို့ လှေနဲ့လိုက်ဆယ်ရာကနေ လှေပေါ်ကပြုတ်ကျပြီး မျောသွားတာ။ အခုထိတော့ ပြန်ရှာမတွေ့သေးဘူး။ ရေစီးအားက လဲသန်တယ်။ အခုတစ်ရွာလုံးလဲ ရေလျှံနေပါတယ်"ဟု မှိုက်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်အောင်က ပြောပြသည်။

အဆိုပါ ကျေးရွာတွင် တောင်ကျရေ အရှိန်ကြောင့် အိမ်တစ်လုံးမှာလည်း အိမ်တိုင်ကျွတ်ကာ နေရာရွေ့သွားပြီး ဝက် ငါးကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ် တစ်နယ်လုံးတွင် အဆိုပါ ရေကြီးရေလျှံမှုကြောင့် မင်းတုန်းချောင်း တစ်လျှောက်ရှိ ရွာပေါင်း ၄ဝ ခန့်နှင့် လွှာချောင်းတစ်လျှောက် ရွာပေါင်း ၃ဝခန့်မှာ ရေလွှမ်းခံခဲ့ရပြီး ဆန်၊ စပါးကျီ၊ ပဲ၊ နှမ်းစိုက်ခင်းများ ရေနှင့်မျောပါခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ချောင်းတွေ အကုန်စံချိန်တင် ရေကြီးတယ်။ ရေမဝင်တဲ့ရွာမရှိ သလောက်ဘဲ။ နှမ်းခင်းတွေ၊ ပျိုးခင်းတွေပျက်တယ်။ ထွန်၊ ထယ်တွေလဲ ရေထဲပါကုန်ပြီ။ နွားတွေလဲ လွတ်ရာကျွတ်ရာ ပြေးနေကြတာ ရှာရပါဦးမယ်"ဟု မင်းတုန်းမြို့နယ် လွှာချောင်းတံတား အနီးတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါတောင်ကျ ချောင်းရေလျှံမှုကြောင့် ပုသိမ်-မုံရွာကားလမ်း၊ မင်းတုန်းမြို့နယ်လမ်းပိုင်း၊ ကျီးပင်တံတား နေရာတွင် လမ်းရေကျော်မှုကြောင့် ယာဉ်များ သွားလာရ ခက်ခဲနေပြီး မိုးမှာဆက်လက် ရွာသွန်းနေ ဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger