www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

အရှိန်လွန်သော မော်တော်ကား တည်းခိုခန်းတံခါးနှင့် မိတ်ဆက်



မိုးကောင်း ၁၄-၆-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မော်တော်ယာဉ် တစ်စီးအရှိန်လွန်ပြီး တည်းခိုခန်း တံခါးကို ဝင်ရောက်တိုက်မိ၍ တည်းခိုခန်း တံခါးပေါက်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စု လမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း မင်းမင်းဇော် မောင်းနှင်လာသည့် 2G/--- တိုယိုတာ ပရိုဘောက်အမျိုးအစား ယာဉ်သည် ဇွန် ၁၂ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဈေးလမ်းဆုံ အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် တွင်ရှိသော မြမြင့်မိုရ် တည်းခိုခန်းအရှေ့ မျက်နှာစာတံခါး ဝင်ပေါက်ကို ဝင်ရောက် တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် တံခါး ပေါက်အနီးတွင် ထိုင်နေသော ဦးသံချောင်း (ခ) ဝင်းကို ကို တိုက်မိခဲ့သဖြင့် ယာဘက် တင်ပဆုံအရိုး နာကျင်ဒဏ်ရာ၊ ယာဘက်ဒူး၊ ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) များရရှိခဲ့ပြီး တည်းခိုခန်းဝင် ပေါက်တံခါး ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မင်းမင်းဇော် မိုးကောင်းမြို့ နေသူကို မိုးကောင်းမြို့မရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၃၃၈/၄၂၇ဖြင့် အမှုဖွင့်ဆောင် ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger