www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

လူသုံးဦး၊ တမလန်းကားတစ်စီး ရွှေဘိုတွင် ဖမ်းဆီး



ရွှေဘို ၁၄-၆-၂ဝ၁၈

ရွှေဘိုမြို့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ တရားမဝင် တမလန်း ဓားရွေတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

ရွှေဘိုခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကျော်ဆန်းထွန်း ဦးစီးသောအဖွဲ့၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ် စန်းလွင်နှင့်အဖွဲ့၊ ရွှေဘိုခရိုင် သစ်တောရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး အောင်နိုင်ထွေးနှင့်အဖွဲ့ ရွှေဘိုမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် မြတ်ဖုန်းပိုင် ပါဝင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဇွန် ၁၂ရက် နံနက် ၇နာရီ ၄၅ မိနစ်က သက်သေများနှင့်အတူ သတင်းအရ ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးစခန်း သွားလမ်း ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ရာအနီး၌ ရပ်တန့်ထားသော 6I/----- WISH အမျိုးအစား အဖြူရောင်ယာဉ်ကို စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်း ကောင်းမြတ်ဇော် (ဘ) ဦးဇော်မိုးထွန်း ကံကောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့နေသူ၊ ယာဉ်နောက်လိုက် အောင်ခန့်ဝေ(ဘ) ဦးဝေလင်း ကံကောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့နေသူ၊ မောင်ယဉ်ထွေး (ဘ) ဦးမောင်လွင် မြကန်သာရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့နေသူတို့ကို တရားမဝင် တမလန်းဓားရွေတုံး ၂၃တုံး တန်ချိန် သုညဒသမ ၄၇၉၆ တန် တန်ဖိုး ငွေကျပ် ၂၈၇၇၆ဝ ခန့်နှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကောင်းမြတ်ဇော်၊ အောင်ခန့်ဝေ၊ မောင်ယဉ်ထွေးတို့ကို အရေးယူပေးပါရန် တောအုပ်စန်းလွင်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရွှေဘိုမြို့မ ရဲစခန်းက (ပ) ၄၅၃/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger