www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 22, 2018

ယခုနှစ် ဇွန်လဆန်းပိုင်းတွင် မြန်မာ့ဆန်ဈေးကွက် ပြည်ပဖောက်သည် နိုင်ငံသစ် ထပ်မံရရှိ၍ စတင် တင်ပို့နေ



ရန်ကုန် ၂၂-၆-၂ဝ၁၈

မြန်မာ့ဆန်ဈေးကွက်မှ ၂ဝ၁၈ ခုနှစ်ဇွန်လ ဆန်းပိုင်းတွင် ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံသစ် တစ်ခုထပ်မံရရှိ၍စတင် တင်ပို့ပေးနေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ဆန်များကို ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဖောက်သည် ဈေးကွက်သစ် နိုင်ငံများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဇွန်လဆန်းပိုင်းတွင် အီကွေဒေါ နိုင်ငံကို မြန်မာ့ဆန်ဖောက်သည် ဈေးကွက် သစ်အဖြစ် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သဖြင့် ယခုဇွန်လဆန်းပိုင်းတွင် စတင်တင်ပို့ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ ဇွန် ၃ ရက်မှ ၉ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၁၈ သန်းတန်ဖိုးရှိ ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ငစိန်ဆန် တန်ချိန် ၁၂၄ဝ၉တန် တင်ပို့ခဲ့ရာ အီကွေဒေါနိုင်ငံသို့ ငစိန်ဆန်တန် ချိန် ၄၈တန် တင်ပို့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ပတ်တာ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အီကွေဒေါ နိုင်ငံနှင့်အတူ ဂီနီ၊ ဗီယက်နမ်၊ ရုရှား၊အိုင်ဗရီကို့စ်၊ စင်ကာပူ၊ အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ထို့အတူအဆိုပါ ကာလအတွင်း ဆန်ကွဲများကိုလည်း တင်ပို့ရောင်းချပေးခဲ့ရာ အမေရိကန် ဒေါ်လာ ၄ဒသမ ဝ၂၅သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၃၅၅ တန် တင်ပို့ရောင်းချပေးခဲ့ရပြီး ဆန်ကွဲများကို ဗီယက်နမ်၊ စင်ကာပူ၊ အက်စ်တိုးနီးယား၊ အီးယူနိုင်ငံ များသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန် ၂ရက်မှဇွန် ၈ရက်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များမှလည်း ဆန်များကို တင်ပို့ရောင်းချပေးခဲ့ရာ မြန်မာတရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇၃သန်း တန်ဖိုးရှိဆန်နှင့် ကောက်ညှင်းဆန်တန်ချိန် ၁၉ဝ၈၅ တန်တင်ပို့ရောင်း ချပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger