www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 22, 2018

ယခုနှစ်အောက်တိုဘာလမှစ၍ ရေစကြိုမြို့နယ် အတွင်းရှိကျေးရွာ ၁၁ ရွာ၌ ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်မည်



ရေစကြို ၂၂-၆-၂ဝ၁၈

ကျေးလက်နေ ပြည်သူများ မီးလင်းနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုနှစ်အောက်တိုဘာ လမှစ၍ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာ၌ ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရေစကြိုမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ယခင်နှစ်က ဆိုလာဟုမ်းစနစ်ဖြင့် ရေစကြိုမြို့နယ် အတွင်းရှိ ကိုင်းမကျည်း၊ ရေနီကုန်း၊ မြေတော်၊ အောင်ပန်းချောင်း၊ ငါန်မြကြီး၊ရှစ်အိမ်တန်း၊ သပြေပင်၊ ကွေ့တောက်၊ တောင်သာ၊ ခြောက်မူးကျွန်း၊ မြေစွန်းကျေးရွာတို့တွင် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အောက်တိုဘာ လမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်အနီးရှိ ကျေးရွာ ၁၁ရွာကို ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဌာနအနေနဲ့ အသေးစား ဓာတ်အားလိုင်း စနစ် (Minigrid)နဲ့ သရက်ကန်၊ထန်းပင်ချောင်၊ ရွာသာအေး၊ သံပြာချောင်း၊မြေတော်၊ ရေယှား၊ ကြက်ဆူကျင်းကျေးရွာတို့ကို မီးလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ကျေးရွာ ၁၁ရွာကို ဆိုလာဟုမ်းစနစ်နဲ့ မီးလင်းရေးဆောင်ရွက် ပေးသွားမှာပါ"ဟု အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။

ယခုနှစ် ဆိုလာဟုမ်းစနစ်ဖြင့် မီးလင်းမည့် ကျေးရွာများမှာ ကန်ဦး၊ မဲကုန်း၊ နွယ်နီ၊လှေခုတ်၊ ငါးလှံ၊ ကိုင်း၊ ညောင်ပင်၊ တောင်ကုန်း၊ဖုတ်ကုန်း၊ နွားမော့၊ ကျောက်ဖူးကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger