www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 27, 2018

မန္တလေးတိုင်း ဒေသကြီးတွင် လာမည့် သုံးလအတွင်း လျှပ်စစ်မီတာအလုံးရေ ခြောက်သောင်း ဖြန့်ဝေ တပ်ဆင်ပေးမည်



မန္တလေး ၂၇-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးတွင် လာမည့်သုံးလအတွင်း လျှပ်စစ် မီတာအလုံးရေ ခြောက်သောင်း စတင်ဖြန့်ဝေ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီတာများ ပြတ်လပ်၍ တစ်နှစ်ခန့် လျှပ်စစ်မီတာတပ်ဆင်ပေးမှု ရပ်နားနေရာမှ ယခုပြန်လည် စတင်တပ်ဆင်ပေး တော့မည်ဖြစ်ပြီး လာမည့်ဇူလိုင်၊ သြဂုတ်၊စက်တင်ဘာ သုံးလအတွင်း လျှပ်စစ်မီတာ အလုံးရေ ခြောက်သောင်း စတင်ဖြန့်ဝေတပ်ဆင် ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

"မီတာတွေတင်သွင်းဖို့ တင်ဒါခေါ်ပြီးလို့ တင်ဒါအောင်ကုမ္ပဏီက မီတာတွေလဲ ရတော့မယ်။ တင်ဒါ အောင်ပြီးသွားရင် မီတာတွေရဖို့ အနည်းဆုံးနှစ်လခွဲ လောက်တော့ ကြာတတ်တယ်။ အခုလောလောဆယ် ငွေကြိုသွင်းပြီး ထားတဲ့သူတွေရှိတော့ သူတို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက မီတာအလုံးရေ တစ်သောင်း ချေးထားတယ်။ ချေးထားတဲ့မီတာ တစ်သောင်းကို အခုစမ်းသပ်စစ်ဆေးတာ မီတာဆီးလ် (Seal) ခတ်တာတွေ လုပ်နေတယ်။ အဲဒါတွေကို နှစ်ပတ်လောက်အတွင်း စတပ်ဆင်ပေးနိုင်မှာပါ"ဟု အဆိုပါကော်ပိုရေးရှင်း စီမံဌာနရှိ ဒုတိယ အထွေထွေ မန်နေဂျာဦးမြင့်လွင်က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြန့်ဖြူးတပ်ဆင်ပေးရန် လျှပ်စစ်မီတာများကို လာမည့် သြဂုတ်လအတွင်း အလုံးရေ ၁၈ဝဝဝ၊ စက်တင်ဘာလအတွင်း အလုံးရေ ၄၂ဝဝဝ၊ တင်ဒါအောင်ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်း စတင်ဖြန့်ဖြူးတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းနှစ်စဉ် လျှပ်စစ်မီတာ လျှောက်ထားမှုအပေါ် မူတည်၍ မီတာများကို ဖြန့်ဖြူးပေးနေပြီး လျှပ်စစ်မီတာ ပြတ်လပ်၍ တပ်ဆင်ပေးမှု ရပ်နားခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger