www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 27, 2018

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ ပြုလုပ်မှုများအပေါ် မိုးထိမိုးမိဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များ ဆန္ဒထုတ်ဖော်



မန္တလေး ၂၇-၆-၂ဝ၁၈

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ ပြုလုပ်မှုများအပေါ် မိုးထိမိုးမိဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များက ယနေ့နံနက်တွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် သူများထံမှ သိရသည်။

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ ပြုလုပ်မှုများအပေါ် မိုးထိမိုးမိဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် လုံးဝမသက်ဆိုင်ကြောင်းကို အဆိုပါ တိုင်းရင်းသား လုပ်ငန်းရှင်များကစုပေါင်း ဆန္ဒထုတ်ဖော်မှုတစ်ခု မန္တလေးမြို့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်ဦး အောင်မြင့်သိန်းက ပြောပြ၍ သိရသည်။

"ဥပဒေကျော်လွန် လုပ်ဆောင်နေတဲ့ သူတို့နဲ့ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသား တွေဟာ သက်ဆိုင်မှု မရှိဘူးဆိုတာကို ပြသတဲ့အနေနဲ့ လုပ်ဆောင်တာပါ။ အင်အားကတော့ ခန့်မှန်းခြေအယောက် ၂ဝဝ လောက်တော့ ရှိမယ်ထင်ပါတယ်" ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောပြသည်။

နိုင်ငံတော်သို့ ပေးသွင်းရန် ကတိပြုထားသော ရွှေစင်ပိဿာများကို အပြည့်အဝ မပေးသွင်းဘဲ နိုင်ငံတော်အစိုးရအား ဆန့်ကျင်နေသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ပြုလုပ်မှုများ အပေါ် မိုးထိမိုးမိဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် လုံးဝမသက်ဆိုင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ၆၂ လမ်းနှင့် ၃၅ လမ်းထောင့်မှ စတင်ချီတက်၍ မနော်ရမ္မံလူထု ဟစ်တိုင်ကွင်း၌ စုရုံး၍ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၇ခုနှစ်ထိ စုစုပေါင်းရွှေစင် ၃၅၁၅ ဒသမ ၆၃၈၄ ပိဿာ ထုတ်လုပ်ခဲ့ပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များက ကုမ္ပဏီသို့ ရွှေစင် ၆ဝ၇ပိဿာ ပေးသွင်းခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရန် ကတိပြုထားသော ရွှေစင်ပိဿာများကို အပြည့်အဝ မပေးသွင်းဘဲ ရွှေစင် ၃၃၈ ဒသမ ၈ဝ၉၇ပိဿာသာ ပေးသွင်းသောအမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ရှုတ်ချကြောင်း မိုးထိ မိုးမိဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် လုပ်သားများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင် ဦးအောင်မြင့်သိန်းထံမှ သိရသည်။

ဆိုင်းငံ့ကာလအတွင်း အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် အစိုးရ၏အမိန့်နှင့် ညွှန်ကြားချက်များကို ဆန့်ကျင်ပြီး ရွှေစင် ၁၄၉ ပိဿာထုတ်ယူခဲ့ကြောင်း မိုးထိမိုးမိဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင် ဦးအောင်မြင့်သိန်းက ဆန္ဒထုတ်ဖော်ပွဲတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger