www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 14, 2018

စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှု ထိန်းချုပ်နိုင်ရန် ရေနံဓာတ်ငွေ့ရည်ကို အစားထိုးအသုံးပြုနိုင်ရန် စီစဉ်ထား



နေပြည်တော် ၁၄-၆-၂ဝ၁၈

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် မော်တော်ကားများတွင် အခြားစက်သုံးဆီများအစား ရေနံဓာတ်ငွေ့ရည် (LPG) ကို ပြန်လည် အစားထိုး အသုံးပြုနိုင်စေရန် အတွက်စီစဉ် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင် အသုံးပြုလာနိုင်ရန်အတွက် မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများအတွက် စည်းကမ်းချက်များ ရေးဆွဲလျက်ရှိကြောင်း၊ ထိုသို့စည်းကမ်း ချက်များ ရေးဆွဲရာတွင်လည်း မြေနေရာ အနည်းငယ်ဖြင့် အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် လည်းစီစဉ်ထားကြောင်း၊ ထို့ပြင် LPG တင်သွင်းခြင်းနှင့် ပတ်သက်၍ ပြည်ပမှတင် သွင်းခြင်းကို ပုဂ္ဂလိကကဏ္ဍကိုအပြည့်အဝ ပေးသွားမည်ဖြစ်ပြီး ကုန်းလမ်းမှ တင်သွင်းခွင့်လိုင်စင် နှင့်ပင်လယ်ရေကြောင်းမှ တင်သွင်း ခွင့်လိုင်စင်ဟူ၍ လိုင်စင်နှစ်မျိုးဖြင့် သတ်မှတ်တင်သွင်းခွင့် ပြုထားကြောင်းနှင့် အဆိုပါရေနံဓာတ်ငွေ့ရည်ကို လက်ရှိတွင် မီးဖိုချောင်သုံး၊ စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုဇုန်လုပ်ငန်းများတွင် လောင်စာအဖြစ် အသုံးပြုလျက်ရှိပြီး မော်တော်ယာဉ်များတွင် ၁၉၉ဝပြည့်နှစ်ခန့်က အသုံးပြုခဲ့ပြီး အိမ်သုံးများအတွက် သာဦးစားပေးခဲ့ခြင်းဖြစ်၍ ယခုနောက်ပိုင်းတွင် အသုံးပြုမှုနည်းလာ ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger