www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေသည်ဟု အောင်လအန်ဆန် ပြောကြား


MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ အတွက် လေ့ကျင့်နေသည့် အောင်လအန်ဆန်ကို တွေ့ရစဉ်။

ရန်ကုန် ၂၂-၅-၂ဝ၁၈

MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပြီး ကြိုးစားလေ့ကျင့်နေသည်ဟု အောင်လအန်ဆန်က ပြောကြားခဲ့ကြောင်း သိရသည်။

MMA (One Championship) ပြိုင်ပွဲ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် အောင်လအန်ဆန်အနေဖြင့် လာမည့် ဇွန် ၂၉ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ-၁တွင် ဘရာဇီးနိုင်ငံသား လီအန်ဒရို အတိုင်ဒီးနှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်က "ကျွန်တော့်အနေနဲ့ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ကာကွယ်ပွဲစဉ်အပြင် MMA ကမ္ဘာ့လိုက်ဖ်ဟဲဗီး ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ် ပွဲစဉ်အတွက်ပါ။ အကောင်းဆုံး ကြိုးစားနေပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်နှင့် ထိုးသတ်မည့် လီအန်ဒရိုအတိုင်ဒီးက"ကျွန်တော့်အနေနဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံကခါးပတ်ကို လွှဲပြောင်းရယူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ အကောင်းဆုံး ပြင်ဆင်ပြီးမှ ပြိုင်ပွဲကိုယှဉ်ပြိုင် မှာပါ။ ကျွန်တော့်အိပ်မက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။

အသက် ၃၃နှစ်ရှိ အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၂ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၂၂ ပွဲနိုင်၊ ၁ဝ ပွဲရှုံးနိမ့်ထားပြီး အသက် ၃၁ နှစ်ရှိလီအန်ဒရို အတိုင်ဒီးသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၁ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ရှစ်ပွဲနိုင် သုံးပွဲရှုံးနိမ့် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger