www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများ ဆောင်ရွက်


မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်းမြေပြင်လှည့်ကင်း ဆောင်ရွက်နေစဉ်။

နေပြည်တော် ၂၂-၅-၂ဝ၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ် ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင် လှည့်ကင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၁၄ ရက်တွင် နယ်ခြားမှတ်တိုင် ၄၆မှ ၄၇ အထိလည်းကောင်း၊ မေ ၁၆ ရက်တွင် နယ်ခြားမှတ်တိုင် ၄၇ မှ ၄၈ အထိနှင့် ၃၈ မှ ၃၉အထိလည်းကောင်း၊ မေ ၁၇ရက်တွင် နယ်ခြားမှတ်တိုင် ၄၈မှ ၄၉အထိလည်းကောင်း၊ မေ၂ဝ ရက်တွင် နယ်ခြားမှတ်တိုင် ၄၉မှ ၅ဝအထိနှင့် ၃၉မှ ၄ဝအထိလည်းကောင်း မြေပြင်လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၄ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်၊ မေလတွင် ၁၅ကြိမ် စုစုပေါင်း ၃၆ ကြိမ်နှင့် နတ်မြစ်ကြောင်းအတိုင်း
 ရေကြောင်း ကင်းလှည့်ခြင်းကို စုစုပေါင်း လေးကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger