www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 23, 2018

ချမ်းအေးသာစံမြို့နယ် မန်းမြန်မာပလာဇာ လေးလွှာ အရှေ့တောင်ထောင့်ရှိ အခန်းမျက်နှာကြက် ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၃-၅-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံ မြို့နယ်ချမ်းအေး သာစံအနောက်ရပ်ကွက် ၂၇ လမ်း-၂၈ လမ်းကြားနှင့် ၈၄ လမ်း-၈၅ လမ်းကြား မန်းမြန်မာပလာဇာတွင် ယနေ့နံနက် ၁၁ နာရီမိနစ် ၃ဝ က အဆိုပါပလာဇာ လေးလွှာ အရှေ့တောင် ထောင့်ရှိ ပေ ၃ဝ×ပေ ၅ဝ အခန်းအတွင်း (ရုပ်ရှင်ရုံပြုလုပ်ဆဲ) မျက်နှာကြက် ဂဟေဆော်ရာမှ အသံလုံဖော့ပြားပေါ်သို့ မီးပွားကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ Snokel နှစ်စီး၊ Water Tower တစ်စီး၊ လှေကားတင်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေ ၂၅ဦး၊ အရန် ဦးရေ ၅ဝ သွားရောက် ငြှိမ်းသတ် ခဲ့ရာနံနက် ၁၁နာရီ မိနစ်၎ဝတွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဂဟေဆော်ရာတွင် အသုံးပြုသော ပုံးတစ်ပုံး တန်ဖိုးငွေကျပ် ၇ဝဝဝဝ၊ PVC လေးလက်မပိုက် အနည်းငယ်တန်ဖိုး ငွေကျပ် ၂ဝဝဝဝ၊ ပိုက်ဆက်ကော်ပုံး ၁ဝပုံး၊ တန်ဖိုးငွေကျပ် ၅ဝဝဝဝ၊ အသံလုံဖော့ပြား ၃×၃ပေ သုံးချပ် တန်ဖိုးငွေကျပ် ၁ဝဝဝဝနှင့် လျှပ်စစ်ဝိုင်ယာကြိုး အနည်းငယ် တန်ဖိုးငွေကျပ် ၁ဝဝဝဝ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ခံ မင်းအောင်နိုင် (ဘ) ဦးထွန်းဖေကို ချမ်းအေးသာစံမြို့နယ် အမှတ် (၆) ရဲတပ်ဖွဲ့စခန်းက (ပ)၁၅၃/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger