www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 23, 2018

ကျုံးရေ ညစ်ညမ်းစေမည့် ကျုံးတွင်းအပေါ့စွန့်မှု များကို ကင်မရာများမှ စောင့်ကြည့်အရေးယူသွားရန်စီစဉ်



မန္တလေး ၂၃-၅-၂ဝ၁၈

မန္တလေးမြို့ ကျုံးရေ ညစ်ညမ်းစေမည့် ကျုံးတွင်း အပေါ့စွန့်မှုများကို CCTV ကင်မရာများမှ ဖမ်းဆီးအရေးယူ သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေသန့်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ကျုံးရေကို ကလိုရင်းခတ်၍ ရေမရရှိသေးသည့် ရပ်ကွက်များအတွင်း ဖြန့်ဝေပေးလျက်ရှိရာ ညပိုင်းအချိန်များတွင် အရက်သေစာ သောက်စား ကြသူများအပြင် ပြည်သူအချို့က ကျုံးအတွင်း အပေါ့စွန့် သည့်လုပ်ရပ်မျိုး ပြုလုပ်လေ့ရှိသောကြောင့် အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှကျုံးရေမှာ ညစ်ညမ်းနိုင်ကြောင်း၊ ကျုံးရေ သန့်ရှင်းစေရေးအတွက် ကျုံးအတွင်း အပေါ့စွန့်သူများကို CCTV Control Roomမှနေ့ညစောင့်ကြည့် ၍ မှတ်တမ်းများရယူကာ ဖမ်းဆီးအရေးယူ သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

"မန္တလေးမြို့မှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ်တဲ့ နေရာက ကျုံးဘေးပတ်လည်နဲ့ နန်းမြို့ရိုးပါ။ ဒီလို စိတ်ဝင်စားမှုရှိတဲ့ နေရာတွေမှာ သန့်ရှင်းသာယာလှပဖို့က အဓိကကျပါတယ်။ ပြီးတော့ကျုံးတွင်းမှာလဲ အမှိုက်သရိုက် တွေမရှိဖို့အတွက် အဓိကထား ဆောင်ရွက်နေတယ်။ အဓိက ပြဿနာကတော့ ကျုံးရေထဲကို အပေါ့စွန့်တာတွေက တော်တော်လေးဆိုးပါတယ်။ ဒါတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်"ဟု ၎င်းကဆက်လက် ပြောပြသည်။

ယခုလက်ရှိ ကျုံးပတ်လည်တွင် စည်းကမ်းမဲ့ အပေါ့စွန့်မှုများ မရှိစေရန် ၂၆ လမ်းနှင့်လမ်း ၇ဝ တွင် ဂျပန်နည်းပညာဖြင့် အသုံးပြုထားသည့် မိလ္လာရေဆိုးများကို သန့်စင်ပေးနိုင်သည့် Biotant စက်ဖြင့် သန့်စင်ခန်းများ ဆောက်လုပ်ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger